Connect with us

Hi, what are you looking for?

သတင်း

ကျုံဒိုးမြို့ဆီ စစ်ကူပို့ပြီး စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်

ကရင်ပြည်န​ယ် ၊ကော့ကရိတ် – ကျုံဒိုးလမ်းတလျောက်က တိုက်ပွဲတွေ ကျုံဒိုးမြို့နားထိ ရောက်လာချိန်မှာ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့ ကရင် အရပ်ဘက်နဲ့ စစ်ဘက် သတင်းရင်းမြစ်တွေထံကသိရပါတယ်။

ဓာတ်ပုံ - maxar

ဧပြီ – ၂၁ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်န​ယ် ၊ကော့ကရိတ် – ကျုံဒိုးလမ်းတလျောက်က တိုက်ပွဲတွေ ကျုံဒိုးမြို့နားထိ ရောက်လာချိန်မှာ ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်က ခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့ ကရင် အရပ်ဘက်နဲ့ စစ်ဘက် သတင်းရင်းမြစ်တွေထံကသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း သင်္ကြန်ကာလအတွင်း ကော့ကရိတ် – ကျုံဒိုး လမ်းတလျောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့တာတာပါ။

၁၉ မိုင်ခန့်ရှည်လျားတဲ့အဲဒီလမ်းပိုင်းမှာ KNU ဦးဆောင်တဲ့ ပူးပေါင်းတပ်က ကျုံဒိုးမြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာ လေးတိုင်ရွာ စခန်းထိ သိမ်းယူထားပြီး ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ကျုံဒိုးမြို့ ကို ပူးပေါင်းတပ်တွေက ဝန်းရံထားတဲ့အနေအထားဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လည်းမြို့မကျဖို့ ခံစစ်ပြင်ထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကျုံဒိုးမြို့ပေါ်မှာတော့ အမှတ် (၅၄၅) ခြေမြန်တပ်ရင်း ၊ အမှတ် ( ၅၄၆) ခြေမြန်တပ်ရင်းနဲ့ ဗျုဟာ စခန်းကုန်း ရှိပါတယ်။

အဲဒီတပ်ရင်းတွေဟာ ကော့ကရိတ်မြို့အခြေစိုက် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ တိုက်ခိုက်ရေးတပ်တွေဖြစ်ပါတယ်။

ကျုံဒိုးမြို့နားထိတိုက်ပွဲတွေရောက်လာချိန်မှာ စစ်ကောင်စီတပ်ဟာ မော်လမြိုင်နဲ့ ဘားအံတို့ဘက်က စစ်ကူတပ်တွေ နဲ့ လူအင်အား ပေးပို့နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တပြိုင်တည်းမှာပဲ အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အခြေစိုက် ကော့ကရိတ်မြို့ကိုလည်း ပူးပေါင်းတပ်တွေ ဝန်းရံပိတ်ဆို့ထား ပါတယ်။

စစ်ကောင်စီတပ်ကလည်း မြို့အဝင်အထွက်ကိုတန်ပြန် ပိတ်ပင်လိုက်တာကြောင့် ဒေသခံပြည်သူတွေ မြို့အပြင်ထွက်မရဘဲ ပိတ်မိနေတယ်လို့ ကော့ကရိတ်မြို့ခံ သတင်းရင်းမြစ်ကပြောပါတယ်။

ကော့ကရိတ်ဟာ ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အာရှလမ်းမကြီးပေါ်မှာရှိတဲ့မြို့ဖြစ်ပါတယ်။

မြို့ခံလူထု ထွက်ခွာခွင့်ရဖို့ သံဃာတော်တွေက ညှိနှိုင်းပေးနေပေမယ့် အဆင်မပြေသေး ဘူးလို့သိရပါတယ်။

ကော့ကရိတ်မြို့ မြို့အဝင်အထွက်ကို စစ်ကောင်စီတပ်က ပိတ်လိုက်တဲ့နောက်ဆက်တွဲအနေနဲ့ ကုန်တင်ကားတွေလည်းပိတ်မိတယ်နေတယ်လို့ ကော့ကရိတ်မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလစတင်ပြီး ကော့ကရိတ်မြို့မှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် မြို့လည်းပျက်စီးသွားသလို ဒေသခံပြည်သူတွေလည်းစစ်ရှောင်ခဲ့ကြရပါတယ်။

အခုတစ်ကြိမ်တိုက်ပွဲဖြစ်ရင်တော့ ယခင်ကထက်ပိုမိုပြင်းထန်နိုင်တယ်လို့ ကော့ကရိတ်သတင်းရင်းမြစ်က တွက်ဆပါတယ်။

ကရင်ပြည်နယ်အတွင်းကစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး ဧပြီလ ၁၉ ရက်က ကရင်အမျိုးသားအစည်းအရုံး(KNU) က သဘောထားထုတ်ပြန်ရာမှာ ပြည်နယ်နေရာအနှံအပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

Facebook