Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်၌ လမ်းပိုင်းစစ်ဆေးစဉ် ကပစ−၁၃ မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းမိဟု PLAပြော

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီ၏ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLAက ယနေ့(ဧပြီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

ဗိုလ်မှူးဖြိုးမင်းကျော်ပါ သုံးဦးထံမှ သိမ်းရသော ငွေနှင့် ပစ္စည်းများ။ ဓာတ်ပုံ − PLA

ဗိုလ်မှူးဖြိုးမင်းကျော်ပါ သုံးဦးအားဖမ်းမိပြီး ပြန်ဆုတ်စဉ် တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း ဖမ်းမိသူ သုံးဦးသေဆုံးဟု PLAထုတ်ပြန်

ဧပြီ၂၁၊၂၀၂၅။မက်ကစံ/People’s Spring

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီ၏ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLAက ယနေ့(ဧပြီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

ဧပြီ ၁၉ရက်က OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်များက ၃နာရီကျော်ကြာ လမ်းပိုင်းထိန်းချုပ်စစ်ဆေးရာ ကပစ-၁၃မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” သုံးယောက် ဖမ်းဆီးရမိတာ ဟုတ်တယ်။ ဗိုလ်မှူးရယ် တပ်ကြပ်ရယ်၊ ဒုတပ်ကြပ်ရယ်နော်။ ရှောင်တခင်လမ်းပိုင်းစစ်ဆေးတာမှာ ဖမ်းမိခဲ့တာပါ”ဟု PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကပစ(၁၃)မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ် အောင်ဇော်နိုင်နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးမိခဲ့ခြင်းဟု ဆိုသည်။

“လူထုက ငလျင်ကြောင့်ရော၊ လေကြောင်းတိုက်ခံနေရတာရောမှာ စိတ်တွေ ဆင်းရဲနေတာ။ လူထုက စိတ်ဓာတ်ကျနေတာ။ ကပစက ဗိုလ်မှူးအဆင့်ကို ဖမ်းမိတယ်ဆိုတော့ လူထုကိုလည်း အားတက်စေချင်တယ်။ တော်လှန်ရေးတပ်ဖွဲ့ကိုလည်း အားတက်စေချင်လို့ ထုတ်ပြန်လိုက်တာ”ဟု PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်သုံ့ပန်းများအား ဖမ်းမိပြီး ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်၍ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ဖမ်းမိထားသူ သုံးဦးမှာ သေဆုံးခဲ့ရသည်ဟု PLAက ထုတ်ပြန်သည်။

” သူတို့ကို မိတဲ့အချိန်မှာ ရန်သူက နောက်ကနေ လိုက်လံတိုက်ခိုက်တာမှာ ဖမ်းမိတဲ့ သုံ့ပန်းသုံးဦးလုံး သေသွားတယ်”ဟု PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး တပ်ကုန်းနှင့် ပျဥ်းမနားမြို့နယ်တို့မှ မြေနိမ့်ပိုင်းဒေသများ၌ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေသည်ဟု ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်၌ ငလျင်ဒဏ်ကြောင့် ဖျက်ရမည့် အနီရောင်အဆင့် အဆောက်အဦ ၅၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် ဥက္ကဌ ဦးမောင်ဌေးက ပြောသည်။

သတင်း

ပုလဲမြို့နယ်ကအသက်မပြည့်‌‌သေးတဲ့လူငယ် ၅ ဦး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA ) ထဲကိုဝင်ရောက်သွားမှုနဲ့ပတ်သက်ပြီး ကလေးတွေကိုပြန်လွှတ်ပေးဖို့ မိဘ တွေကတောင်းဆို နေကြပါတယ်။

သတင်း

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်က ရုံး ဌာန အဆောက်အဦးတွေ ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

Facebook