Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်၌ လမ်းပိုင်းစစ်ဆေးစဉ် ကပစ−၁၃ မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းမိဟု PLAပြော

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီ၏ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLAက ယနေ့(ဧပြီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

ဗိုလ်မှူးဖြိုးမင်းကျော်ပါ သုံးဦးထံမှ သိမ်းရသော ငွေနှင့် ပစ္စည်းများ။ ဓာတ်ပုံ − PLA

ဗိုလ်မှူးဖြိုးမင်းကျော်ပါ သုံးဦးအားဖမ်းမိပြီး ပြန်ဆုတ်စဉ် တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်း ဖမ်းမိသူ သုံးဦးသေဆုံးဟု PLAထုတ်ပြန်

ဧပြီ၂၁၊၂၀၂၅။မက်ကစံ/People’s Spring

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တနေရာ၌ လမ်းပိုင်းထိန်းချုပ်စစ်ဆေးမှုအတွင်း စစ်ကောင်စီ၏ အမှတ်(၁၃)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ−၁၃)မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရမိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLAက ယနေ့(ဧပြီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

ဧပြီ ၁၉ရက်က OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု – ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ရဲဘော်များက ၃နာရီကျော်ကြာ လမ်းပိုင်းထိန်းချုပ်စစ်ဆေးရာ ကပစ-၁၃မှ ဗိုလ်မှူးနှင့်အဖွဲ့အား ဖမ်းဆီးရရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” သုံးယောက် ဖမ်းဆီးရမိတာ ဟုတ်တယ်။ ဗိုလ်မှူးရယ် တပ်ကြပ်ရယ်၊ ဒုတပ်ကြပ်ရယ်နော်။ ရှောင်တခင်လမ်းပိုင်းစစ်ဆေးတာမှာ ဖမ်းမိခဲ့တာပါ”ဟု PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကပစ(၁၃)မှ ဗိုလ်မှူး ဖြိုးမင်းကျော်၊ တပ်ကြပ် အောင်ဇော်နိုင်နှင့် ရဲ ဒုတပ်ကြပ် ထွန်းပြည့်စုံတို့အား ဖမ်းဆီးမိခဲ့ခြင်းဟု ဆိုသည်။

“လူထုက ငလျင်ကြောင့်ရော၊ လေကြောင်းတိုက်ခံနေရတာရောမှာ စိတ်တွေ ဆင်းရဲနေတာ။ လူထုက စိတ်ဓာတ်ကျနေတာ။ ကပစက ဗိုလ်မှူးအဆင့်ကို ဖမ်းမိတယ်ဆိုတော့ လူထုကိုလည်း အားတက်စေချင်တယ်။ တော်လှန်ရေးတပ်ဖွဲ့ကိုလည်း အားတက်စေချင်လို့ ထုတ်ပြန်လိုက်တာ”ဟု PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

စစ်သုံ့ပန်းများအား ဖမ်းမိပြီး ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ကောင်စီတပ်က လိုက်လံတိုက်ခိုက်၍ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ဖမ်းမိထားသူ သုံးဦးမှာ သေဆုံးခဲ့ရသည်ဟု PLAက ထုတ်ပြန်သည်။

” သူတို့ကို မိတဲ့အချိန်မှာ ရန်သူက နောက်ကနေ လိုက်လံတိုက်ခိုက်တာမှာ ဖမ်းမိတဲ့ သုံ့ပန်းသုံးဦးလုံး သေသွားတယ်”ဟု PLA၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။