Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီးသင်္ဂြိုဟ်ခ ထက်ဝက်ခန့် စျေးတက်သွား

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

တောင်အင်း၊မြောက်အင်း သုသာန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ရပုံ

ဧပြီ -၂၁၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

ငလျင်မတိုင်ခင်က လူကြီး ရုပ်အလောင်း သင်္ဂြိုဟ်ခ ဟာ ကျပ် ၁၂,၀၀၀ ဖြစ်ပြီး ဒီနေ့ ဧပြီလ ၂၁ ရက်မှာတော့ ကျပ် ၂၄, ၀၀၀ ထိဖြစ်သွားတာပါ။

သင်္ဂြိုဟ်ခစျေးတက်တဲ့အကြောင်းကို သုသာန်တာဝန်ရှိသူတွေက ဖုန်းဆက်အကြောင်းကြားလာတယ်လို့ မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အစစအရာရာဈေးတက်နေတော့ စက်သုံးဆီဈေးကြောင့်လည်းပါမှာပေါ့”လို့ အဲဒီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဆိုပါတယ်။

မန္တလေးမြို့စည်ပင်ဧရိယာအတွင်း နေထိုင်သူတွေ ဆုံးပါးရင် အမရပူရမြို့နယ်ထဲက တောင်အင်း၊ မြောက်အင်းသုသာန် နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက အေးရိပ်ငြိမ် သုသာန်တွေဆီ ပို့ဆောင်သင်္ဂြိုဟ်တာဖြစ်ပါတယ်။

ဆုံးပါးသူ ရဲ့ မိသားစုဝင်တွေ ဆင်းရဲနွမ်းပါးရင် သင်္ဂြိုဟ် စရိတ်ကို လူမှုကူညီရေးအသင်း ၊ နာရေးကူညီမှုအသင်းတွေ က ကျခံကူညီဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

ပြည်တွင်းမှာ သုသာန်တွေကို စည်ပင် ရဲ့သန့်ရှင်းရေးဌာနက ကိုင်တွယ်တာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမှာ လူအများအပြား သေဆုံးခဲ့တာကြောင့် သုသာန်တွေမှာ သင်္ဂြိုဟ်ရာ မနိုင်မနင်းဖြစ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်အားပြင်းငလျင်ကြီးဒဏ်ခံလိုက်ရတဲ့မန္တလေးမြို့က နေရာအချို့မှာ အဝီစိရေတွင်းတွေ ထိခိုက်ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရတာ၊ အသစ်ပြန်တူးရတာတွေ ရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

သတင်း

မန္တလေးမြို့မှာ လတ်တလောဆောက်လုပ်နေတဲ့ဆောက်လက်စ အဆောက် အဦးတွေအားလုံးရပ်ဆိုင်းထားဖို့နဲ့ စစ်ဆေးပြီးမှသာ ဆက် လက်ဆောက်လုပ်ခွင့်ပြုမယ်လို့ မန္တလေးစည်ပင်က မေလ ၁၀ ရက်မှာ ကြေညာပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ငလျင်ထိထားတဲ့ အဆောက်အအုံတချို့ ပြိုကျလို့ လူနှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Facebook