Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မီးသင်္ဂြိုဟ်ခ ထက်ဝက်ခန့် စျေးတက်သွား

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

တောင်အင်း၊မြောက်အင်း သုသာန်ကို ပြီးခဲ့တဲ့ရက်ပိုင်းက တွေ့ရပုံ

ဧပြီ -၂၁၊ ၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်သင့် မန္တလေး မြို့က သုသာန်တွေမှာ မီးသင်္ဂြိုဟ်ခ ဟာ ယခင်ကထက် ထက်ဝက် ဈေးတက်သွားတယ်လို့ လူမှုကူညီရေးအသင်းအချို့ဆီကသိရပါတယ်။

ငလျင်မတိုင်ခင်က လူကြီး ရုပ်အလောင်း သင်္ဂြိုဟ်ခ ဟာ ကျပ် ၁၂,၀၀၀ ဖြစ်ပြီး ဒီနေ့ ဧပြီလ ၂၁ ရက်မှာတော့ ကျပ် ၂၄, ၀၀၀ ထိဖြစ်သွားတာပါ။

သင်္ဂြိုဟ်ခစျေးတက်တဲ့အကြောင်းကို သုသာန်တာဝန်ရှိသူတွေက ဖုန်းဆက်အကြောင်းကြားလာတယ်လို့ မန္တလေးမြို့ခံ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အစစအရာရာဈေးတက်နေတော့ စက်သုံးဆီဈေးကြောင့်လည်းပါမှာပေါ့”လို့ အဲဒီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဆိုပါတယ်။

မန္တလေးမြို့စည်ပင်ဧရိယာအတွင်း နေထိုင်သူတွေ ဆုံးပါးရင် အမရပူရမြို့နယ်ထဲက တောင်အင်း၊ မြောက်အင်းသုသာန် နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက အေးရိပ်ငြိမ် သုသာန်တွေဆီ ပို့ဆောင်သင်္ဂြိုဟ်တာဖြစ်ပါတယ်။

ဆုံးပါးသူ ရဲ့ မိသားစုဝင်တွေ ဆင်းရဲနွမ်းပါးရင် သင်္ဂြိုဟ် စရိတ်ကို လူမှုကူညီရေးအသင်း ၊ နာရေးကူညီမှုအသင်းတွေ က ကျခံကူညီဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

ပြည်တွင်းမှာ သုသာန်တွေကို စည်ပင် ရဲ့သန့်ရှင်းရေးဌာနက ကိုင်တွယ်တာဖြစ်ပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် မန္တလေးမှာ လူအများအပြား သေဆုံးခဲ့တာကြောင့် သုသာန်တွေမှာ သင်္ဂြိုဟ်ရာ မနိုင်မနင်းဖြစ်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။