သတင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်ကောင်စီက ပထမဆုံး လက်နက်ကိုင်လမ်းစဉ် စွန့်ရမည်ဟု AA တုံ့ပြန် စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ် လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း ရေဘေးကြောင့် ပြည်သူ ၃၆၀ဦးကျော်သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ဟု OCHA ထုတ်ပြန် မြန်မာနိုင်ငံတွင် ဆိုးရွားစွာရေလွှမ်းမိုးခဲ့ခြင်းကြောင့် လူဦးရေ ၃၆၀ကျော်ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ယနေ့(စက်တင်ဘာ ၂၉ရက်)ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း မောင်တောမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲ မောင်တောမြို့၌နောက်ဆုံးကျန်ရှိနေသောစစ်ကောင်စီတပ်၏ နယ်ကြားစောင့်ရဲတပ်ရင်း- နခခ (၅) ကိုအာရက္ခတပ်တော်(AA)က ထိုစစ်ဆင်တိုက်ခိုက်နေစဉ် ယနေ့(စက်တင်ဘာလ ၂၉ရက်) နံနက်တွင်စစ်ကောင်စီက မြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း လားရှိုးမြို့ဗုံးကြဲမှုအပျက်အစီးများ၊ ကားဝပ်ရှော့တစ်ခုတည်းကျပ်သိန်း ၁၀၀၀ခန့်တန်ဖိုးဆုံးရှုံးခဲ့ကြောင်း MNDAA ထုတ်ပြန် လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့(စစ်တင်ဘာလ ၂၈ရက်)ညက လေကြောင်းမှဗုံးကြဲမှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားပြင်အလုပ်ရုံနှင့်နေအိမ်အဆောက်အအုံပျက်စီးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 29, 2024
သတင်း ချီဖွေမြို့နယ်တွင်စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို KIA/KPDF သိမ်းပိုက် ကချင်ပြည်နယ် ချီဖွေမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) ပူးပေါင်းတပ်က ယနေ့(စက်တင်ဘာ ၂စ)မနက်တွင် သိမ်းပိုက်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ludunwayooစက်တင်ဘာ 29, 2024