Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ဗုံးကြဲမှုအပျက်အစီးများ၊ ကားဝပ်​ရှော့တစ်ခုတည်းကျပ်သိန်း ၁၀၀၀​ခန့်တန်ဖိုးဆုံးရှုံးခဲ့​ကြောင်း MNDAA ထုတ်ပြန်

လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့(စစ်တင်ဘာလ ၂၈ရက်)ညက လေကြောင်းမှဗုံးကြဲမှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားပြင်အလုပ်ရုံနှင့်နေအိမ်အဆောက်အအုံပျက်စီးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

လားရှိုးမြို့ တွင် စက်တင်ဘာ ၂၈ ရက်ညက ဗုံးကြဲခံရပြီး​နောက်အပျက်အစီးများကို ​တွေ့ရစဥ်။ ဓါတ်ပုံ-လားရှိုးမြို့ ပြန်လည်ထူ​ထောင်​ရေး FB

မိထက်/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့(စစ်တင်ဘာလ ၂၈ရက်)ညက လေကြောင်းမှဗုံးကြဲမှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားပြင်အလုပ်ရုံနှင့်နေအိမ်အဆောက်အအုံပျက်စီးခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၄ မိနစ်တွင် စစ်ကောင်စီက လားရှိုးမြို့၊ ရပ်ကွက်( ၈)မန်ဆူဟိုတယ်အနီးသို့ လေကြောင်းမှဗုံးကြဲခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပေါင်ချိန်များသော ဗုံးတစ်လုံး ကြဲချခဲ့ရာ ဟိုတယ်အနီးရှိ ကားဝပ်ရှော့၌ ပြုပြင်ထားသော ကား ၁၂ စီး အပျက်အစီးဖြစ်ပြီး ကားပြင်ဆိုင်တစ်ဆိုင်လုံး ကျပ်သိန်း ၁၀၀၀ နီးပါး ဆုံးရှုံးခဲ့ကြောင်း​ဖော်ပြထားသည်။ ထိုအပြင်ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် ဈေးဆိုင်များလည်းပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း MNDAA ကအသိ​ပေးသည်။

MNDAA ၏ လားရှိုး​ဒေသ စစ်ရေးအုပ်ချုပ်မှုကော်မတီ ၊ ရဲတပ်ဖွဲ့ နှင့် မီးသတ်တပ်ဖွဲ့တို့က ဗုံးကြဲခံရနေရာသို့ ချက်ချင်းသွားရောက် ကယ်ဆယ်ခဲ့ပြီး ထိခိုက်သေဆုံးသူ မရှိခဲ့ကြောင်း အသိ​ပေးထားသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူနေရာများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတဦးကလည်းပြောသည်။

“နေ့ရောညပါ နေလို့ မရဲဘူး။ မအိပ်ရဲဘူး။ ဗုံးကြဲတိုင်း အရပ်သားတွေချည်းပဲထိနေတာ။ လူမနေအောင် လုပ်နေတာ” ဟု လားရှိုးမြို့ခံတဦးကပြောသည်။

လားရှိုးမြို့ကို MNDAA က သြဂုတ်လ ၂ ရက်တွင် အပြီးသတ်သိမ်းယူခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲသည်မှာ ၈ ကြိမ်ရှိပြီဖြစ်ပြီး ​ဒေသခံပြည်သူ ၃ ဦး​သေဆုံးကာ ၄၀ ခန့် ဒဏ်ရာရခဲ့သည်။

မန္တလေးနှင့်တောင်ကြီးမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်‌ဘဲ မိမိကိုယ်ကိုခုခံကာကွယ်ခွင့်ဆက်လက်စွဲကိုင်ထားကြောင်း၊တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးရန်မေတ္တာရပ်ခံကြောင်း MNDAAက စက်တင်ဘာလ ၁၈ရက်တွင် ထုတ်ပြန်ခဲ့သည်။ MNDAA ကထိုသို့ထုတ်ပြန်​သောလည်း စစ်​ကောင်စီက ဗုံးဆက်တိုက်ကြဲခဲ့သည်။

စစ်ကောင်စီက စက်တင်ဘာလ၂၆ရက်တွင်တော်လှန်ရေးတပ်များကို လက်နက်ကိုင်လမ်းစဥ်စွန့်၍ ပါတီ​ထောင်ပြီး ၂၀၀၈ ​ခြေဥ​အောက်မှ စစ်​ကောင်စီကျင်းပမည်ဆို​သော ​ရွေး​​ကောက်ပွဲဝင်ကြရန် ထုတ်ပြန်သည်။ သို့​သော် ထိုသို့ ကမ်းလှမ်းပြီး​နောက် ၂ ရက်အတွင်း လားရှိုးကို ၂ ရက်ဆက်ဗုံးကြဲခဲ့သည်။

စစ်​ကောင်စီက ​ဒေသခံပြည်သူများကို ပါမ​ရှောင်လေကြောင်းမှ ဗုံးကြဲနေခြင်းသည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို မြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူများ၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ဂွမြို့နယ်၊ကျိန္တလီမြို့၊ရမ္မာကျွန်းလူနေကျေးရွာကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင်ငါး ရာ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် ​ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ငယ်တွေအပါအဝင် ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ