Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်ကောင်စီက ပထမဆုံး လက်နက်ကိုင်လမ်းစဉ် စွန့်ရမည်ဟု AA တုံ့ပြန်

စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်​ လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

အာရက္ခတပ်​တော်(AA) တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ- AA

“မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်” — ခိုင်သုခ

ထားမြတ်/People’s Spring

စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းလိုပါက စစ်​ လက်နက်ကိုင်လမ်းစဉ်ကို ဦးစွာ စွန့်လွှတ်ရန်လိုအပ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

စစ်ကောင်စီက စက်တင်ဘာ ၂၆ရက်တွင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက် အပေါ် AA အဖွဲ့၏ သဘောထားကို ဦးခိုင်သုခက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“လက်နက်အားကိုးနှင့်ပြည်သူကိုနေ့တိုင်းအကြမ်းဖက်သတ်ဖြတ်နေတာက သူတို့ဖက်ဆစ်စစ်ကောင်စီဘဲ။ဒါကြောင့် နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းအရဖြေရှင်းဖို့ဆိုရင် မြန်မာနိုင်ငံမှာလက်နက်ကိုင်လမ်းစဉ်ကိုပထမဆုံးစွန့်လွှတ်ရမှာက သူတို့ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီဖြစ်တယ်။မြန်မာတနိုင်ငံလုံးကလက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုကိုင်ပြီးမှလာပြောနေတာကတော့ မအလက ဆိတ်အမြီးကိုချိတ်ပြီးတော့ ခွေးသားရောင်းနေတာဖြစ်တယ်။ ဒါကိုဘယ်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ပါဘူး” ဟု ဦးခိုင်သုခက ပြောကြားသည်။

AAသည် ရက္ခိုင်ဒေသ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ရက်တွင် စတင်ခဲ့ရာ စစ်ဆင်ရေးတစ်နှစ်မပြည့်မီ ချင်းပြည်နယ် ပလက်၀ မြို့နယ်နှင့် ရက္ခိုင်ပြည်နယ်ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မြေပုံ၊ သံတွဲ၊ ဘူးသီးတောင်၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ထိုအပြင် မောင်တော၊ ဂွ၊ အမ်း၊ကျောက်ဖြူ၊ စစ်တွေအပါအဝင် ရက္ခိုင်ပြည်နယ် တစ်ခုလုံးသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်မည်ဖြစ်ကြောင်း AAက အသိပေးထားသည်။

စစ်ကောင်စီက အခြားဒေသများ၌လည်း စစ်ရေးအရ အထိနာလျက်ရှိပြီး ကချင်ပြည်နယ်၊ ရှမ်းမြောက်၊ ကရင်၊ စစ်ကိုင်း၊ ကရင်နီ၊ မကွေး စသည့် ဒေသများ၌လည်း တပ်စခန်းများ၊ နယ်မြေများ၊ မြို့များစွာကို လက်လွှတ်ဆုံးခဲ့သည်။

စစ်ကောင်စီအနေဖြင့်တစ်ဖက်တွင်နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်နေသကဲ့သို့ တစ်ဖက်တွင်လည်း စွန့်လွှတ်ထားရသည့် နယ်မြေ ၊ မြို့ရွာများကို လေကြောင်း တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်အပြီး နာရီပိုင်းအကြာတွင် စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲခဲ့၍ ​ဒေသခံပြည်သူများ သေဆုံး၊ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီ ၏ နိုင်ငံရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ တအာင်းတပ်မတော်(TNLA)၊ မန္တ​လေးPDF ၊BPLA အပါအဝင် တော်လှန်ရေးအဖွဲ့များက အယုံအကြည်မရှိကြောင်း တုံ့ပြန်ထားသည်။

အကယ်၍စစ်ကောင်စီအနေဖြင့်နိုင်ငံရေးဆွေးနွေးလိုပါက အာဏာစွန့်ရန်၊ စစ်တပ်နိုင်ငံရေးကထွက်ခွာရန်၊ ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအား ဝန်ခံရန် စသည့် အချက်များ လက်ခံရန်လိုအပ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

Facebook