Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြောင့် ပြည်သူ ၃၆၀ဦးကျော်သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ဟု OCHA ထုတ်ပြန်

မြန်မာနိုင်ငံတွင် ဆိုးရွားစွာရေလွှမ်းမိုးခဲ့ခြင်းကြောင့် လူဦးရေ ၃၆၀ကျော်ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ယနေ့(စက်တင်ဘာ ၂၉ရက်)ထုတ်ပြန်သည်။

မြစ်သားမြို့နယ်ရှိ ကျေးရွာတစ်ရွာ ယနေ့နံနက်ပိုင်းက ရေပြန်တက်နေသည်ကို တွေ့ရစဥ်။ဓါတ်ပုံ-CJ

ထားအိ/People’s Spring

မြန်မာနိုင်ငံတွင် ဆိုးရွားစွာရေလွှမ်းမိုးခဲ့ခြင်းကြောင့် လူဦးရေ ၃၆၀ကျော်ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ဦးထက်မနည်းပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး(OCHA)က ယနေ့(စက်တင်ဘာ ၂၉ရက်)ထုတ်ပြန်သည်။

မုန်တိုင်းယာဂိ အကြွင်းအကျန်များနှင့် မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီးနောက် မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ရက်အထိ ရေဘေးသင့် လူဦးရေ ၁ သန်းခန့် ရှိကြောင်း OCHA က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့၌ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

ရေလွှမ်းမိုးမှုကြောင့် နေရာအနှံ့ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ကောက်ပဲသီးနှံ အများအပြား၊ လယ်မြေများနှင့် မွေးမြူရေး တိရစ္ဆာန်များ ရေနစ်မြုပ်ကာ ရေဘေးသင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် ကြီးမားသော ဆုံးရှုံးမှုများ ရှိခဲ့သည်။

စက်တင်ဘာလ ၉ ရက်နေ့မှစတင်ခဲ့သည့်ရေဘေးသင့်အပြီး ၁၈ ရက်အကြာတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုကို အလျင်အမြန်ရှေ့တိုး‌လုပ်ဆောင်လျက်ရှိပါသည်။ စားနပ်ရိက္ခာ၊ သောက်ရေ၊ အမိုးအကာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးများအပါအဝင် အရေးပေါ် အကူအညီများကို ရေဘေးသင့်သူတချို့ထံပေးဝေထားပြီးဖြစ်သလို အကူအညီများဆက်လက် ရောက်ရှိစေရန်လည်း ကြိုးပမ်းလျက်ရှိပါသည်။

လိုအပ်မှုနှင့် အကူအညီပေးနိုင်မှုအကြား ကွာဟချက်များ အများအပြား ကျန်ရှိနေသေးပြီး မြင့်တက်လာသော လိုအပ်ချက်များနှင့် လက်ရှိ ရှိနေသော အရင်းအမြစ်များ မမျှတတော့ဘဲ ကနဦး ပြန်လည်ထူထောင်ရေး နှင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့များ အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အရေးကြီးလျက်ရှိကြောင်း အသိပေးသည်။

အကူအညီပေးရေး အဖွဲ့အစည်းများသည် ထောက်ပံ့ရေးပစ္စည်းများ၊ ထပ်တိုးရန်ပုံငွေများနှင့် ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် အကူအညီဖြန့်ဝေနိုင်ရန် ဝင်ရောက်သွားလာကူညီခွင့်များ ထပ်မံ လိုအပ်လျက်ရှိကြောင်း OCHA က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဒေသအချို့၌ ရေဘေးသင့်ပြည်သူများထံ သွားရောက်အကူအညီပေးသူများအား တားဆီးဟန့်တားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။ ထို့အပြင် စစ်ကောင်စီသည် ရေဘေးနှင့်ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်မှုလုပ်ဆောင်သည်ဟု လေ့လာစောင့်ကြည့်သူအချို့က ဝေဖန်ထားသည်။

ရေဘေးသင့် ရပ်ရွာလူထုနှင့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူလူထု၏ လိုအပ်ချက်များကို လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှ ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန် ထပ်တိုး ရန်ပုံငွေရရှိရေးနှင့် ဘေးဒဏ်သင့်ဒေသများသို့ အကန့်အသတ်မရှိ ဝင်ရောက် အကူအညီပေးနိုင်ရေး အရေးကြီးလျက်ရှိကြောင်း OCHA က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ရေဘေးကယ်ဆယ်ရေး စစ်ကောင်စီ စနစ်တကျမစီမံနိုင်လို့ အန္တရာယ်ပိုကြီးလာ

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။