သတင်း ရန်ကုန်မြို့၌ “တပ်ပျက်နေပြီ”ဟု ကြွေးကြော်ကာ လူငယ်များဆန္ဒပြ ရန်ကုန်မြို့ တစ်နေရာတွင် တော်လှန်ရေးအင်အားစုများ ပူးပေါင်း၍ "တပ်ပျက်နေပြီ"ဟု ကြွေးကြော်သံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှုကို ယနေ့ (သြဂုတ် ၂၈) ညပိုင်းက ပြုလုပ်ခဲ့သည်။ ludunwayooဩဂုတ် 28, 2024
သတင်း ဒေါနတောင်မှဆုတ်ခွာလာသည့်အောင်ဇေယျစစ်ကြောင်း ထားဝယ်ရေနက်ဆိပ်ကမ်း ရောက်လာ မြဝတီမြို့သို့အရောက်ချီတက်မည်ဟုကြွေးကြော်ကာ အထိနာပြီး ပြန်ဆုတ်ခဲ့ရသည့် အောင်ဇေယျစစ်ကြောင်းသည် စစ်ကောင်စီနှင့် ရုရှားဆွေးနွေးနေသည့် ထားဝယ်ရေနက်ဆိပ်ကမ်း၌ လုံခြုံရေးယူရန်ရောက်ရှိလာကြောင်း သတင်းရရှိသည်။ ludunwayooဩဂုတ် 28, 2024
သတင်း ငါန်းဇွန်နှင့် နွားထိုးကြီးတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူနှစ်ဦးသေဆုံး၊ကလေး ၃ဦးအပါအဝင် ၅ ဦးဒဏ်ရာရ မန္တလေးတိုင်း၊ ငါန်းဇွန်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ပျက်စီးပြီး သက်ကြီးဇနီးမောင်နှံ ၂ ဦးသေဆုံးကာ ကလေး ၃ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ludunwayooဩဂုတ် 28, 2024
သတင်း လောင်းလုံ ခလရ(၁၀၄)မှ လမ်းကင်းအဖွဲ့ကို BHA ရဲဘော်များ တိုက်ခိုက် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် တွင် စစ်ကောင်စီ၏ လမ်းကင်းအဖွဲ့ငယ် တစ်ခုကို ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိဟု ဗထူးတပ်မတော်(BHA)က သတင်းထုတ်ပြန်သည်။ ludunwayooဩဂုတ် 28, 2024
သတင်း ဆွာဆည်ရေလျှံနေပြီး တောင်ငူမြို့နယ်အတွင်း ရေဘေး အရေးပေါ်အခြေအနေကြုံ မိုးသည်းထန်စွာရွာပြီးနောက် ဆွာဆည်ရေလျှံနေပြီး တောင်ငူမြို့မှကျေးရွာအချို့ ရေကြီးနစ်မြုပ်နေကာ ဒေသခံများသည် ဘေးလွတ်ရာသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ကြရသည်။ ludunwayooဩဂုတ် 28, 2024