Connect with us

Hi, what are you looking for?

သတင်း

ဆွာဆည်ရေလျှံနေပြီး တောင်ငူမြို့နယ်အတွင်း ရေဘေး အရေးပေါ်အခြေအနေကြုံ

မိုးသည်းထန်စွာရွာပြီးနောက် ဆွာဆည်ရေလျှံနေပြီး တောင်ငူမြို့မှကျေးရွာအချို့ ရေကြီးနစ်မြုပ်နေကာ ဒေသခံများသည် ဘေးလွတ်ရာသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ကြရသည်။

ရေ​ဘေး​ကြောင့် တိမ်း​ရှောင် ​နေ​သော ​ဒေသခံ ပြည်သူများ။ဓါတ်ပုံ-CJ

ဇော်ရမ်း/People’s Spring

မိုးသည်းထန်စွာရွာပြီးနောက် ဆွာဆည်ရေလျှံနေပြီး တောင်ငူမြို့မှကျေးရွာအချို့ ရေကြီးနစ်မြုပ်နေကာ ဒေသခံများသည် ဘေးလွတ်ရာသို့ ညတွင်းချင်းပြောင်းရွှေ့ခဲ့ကြရသည်။

တောင်ငူမြို့နယ် အတွင်း ကျေးရွာအချို့တွင် ယမန်နေ့(ဩဂုတ်လ ၂၇ရက်)ညမှစ၍ ရေကြီးနစ်မြုပ်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဆွာဆည်က ရေလျှံနေပြီး လွှတ်ချနေပါတယ်။ ကြိုသတိပေးတာမရှိဘူး။ ရေက တရိပ်ရိပ်တက်နေပြီး အနိမ့်ပိုင်းတွေ အရေးပေါ် အခြေအနေဖြစ်ပါတယ်” ဟု တောင်ငူမြို့ဒေသခံတဦးကပြောသည်။

လက်ရှိတွင် တောင်ငူအမှတ်(၆)ကျောင်း၌ အရေး‌ပေါ်ကယ်ဆယ်ရေးစခန်းဖွင့်ထားပြီး ရေဘေးသင့်ပြည်သူများကို လက်ခံထားသည်။ အရေးပေါ်ကယ်ဆယ်ရေးများပြုလုပ်နေရဆဲဖြစ်၍ လူဦးရေစာရင်းမရသေးကြောင်း ကူညီကယ်ဆယ်နေသူများကပြောသည်။

ဆွာဆည်ရေဖောက်ချလိုက်၍ ရှမ်းစုရွာအပါအဝင် ကျေးရွာဆယ်ရွာထက်မနည်း ရေကြီးနေပြီး ကယ်ဆယ်ရေးအတွက် အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု ဒေသခံများကပြောသည်။ဆွာဆည်သည် ၂၀၁၉ခုနှစ်ဩဂုတ်လက ရေလျှံပြီး ရေပိုလွှဲပဲ့ကျခဲ့ရာ ရေတာရှည်၊တောင်ငူမြိ့နယ်တို့၌ ရေဘေးကြုံတွေ့ခဲ့ဖူးသည်။

လက်ရှိတွင်ပဲခူးတိုင်းတွင်ရွှေကျင်မြစ်၊ စစ်တောင်းမြစ်တို့ စိုးရိမ်ရေမှတ်အထက် မြင့်တက်နေသည်။ပဲခူးတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လကုန်က ပဲခူးမြို့၊ တောင်ငူမြို့အပါအဝင် မြို့အများအပြားရေကြီးနှစ်မျိုးမှုကြုံတွေ့ခဲ့ပြီး လူ ရှစ်ဦးထက်မနည်း သေဆုံးခဲ့သည်။

ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းတွင် နေ့စဉ်မိုးကောင်းနိုင်သလို ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဩဂုတ်လ နေရာကွက်၍ မိုးကြီးနိုင်၍ ရေဘေး၊ မြေပြိုဘေး သတိပြု နေထိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)က သြဂုတ် ၂၈ ရက်ကထုတ်ပြန်သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက် ကုန်းမြင့်ဒေသနဲ့ ထိစပ်ရာ နယ်မြေတွေမှာ ရုတ်တရက် ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ကို နီပေါအာဏာပိုင်တွေက ၁၀၀၀ ဝန်းကျင်လောက် တိုးမြှင့် သတ်မှတ်လိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့်နဲ့ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုကြီးအတွင်း သေဆုံး၊ ပျောက်ဆုံးခဲ့သူတွေအတွက် နိုင်ငံတော်အဆင့် ဝမ်းနည်းကြေကွဲမှု နေ့တစ်နေ့ကို နီပေါ အစိုးရက သတ်မှတ်ခဲ့ပါတယ်။

ဆောင်းပါး

နိပေါ ရေဘေးကနေ တိဘက်ရဲ့ မဟာဆည်၊ အိန္ဒိယရဲ့ တန်ပြန်စီမံကိန်းနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရေအနာဂတ်