Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံ ခလရ(၁၀၄)မှ လမ်းကင်းအဖွဲ့ကို BHA ရဲဘော်များ တိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် တွင် စစ်ကောင်စီ၏ လမ်းကင်းအဖွဲ့ငယ် တစ်ခုကို ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိဟု ဗထူးတပ်မတော်(BHA)က သတင်းထုတ်ပြန်သည်။

BHA ရဲဘော်များနှင့် သိမ်းရသော ပစ္စည်းများ။ ဓာတ်ပုံ - BHA

ဟန်နွေ/People’s Spring

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ် တွင် စစ်ကောင်စီ၏ လမ်းကင်းအဖွဲ့ငယ် တစ်ခုကို ယနေ့မနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိဟု ဗထူးတပ်မတော်(BHA)က သတင်းထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၂၈ရက်) မနက် ၇နာရီခွဲပတ်ဝန်းကျင်တွင် လောင်းလုံမြို့နယ် သောကြာပြင်ရွာ နှင့် ခလရ(၁၀၄) တပ်ရင်းအကြားလမ်းပိုင်းတွင် ခလရ(၁၀၄) တပ်ရင်းမှ ကျောင်းကား အသွားအပြန် အတွက် လမ်းကင်းလုံခြုံရေး ယူပေးရန်ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားချိန် ၃မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦး သေဆုံး ၁ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

“ ဒဏ်ရာရပြီး လွတ်သွားတာဗျ”ဟု ဗထူးတပ်မတော် သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူ ရဲဘော် ထက်မြတ် က စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး လွတ်မြောက်သွားမှုကို ပြောပြသည်။

BHA ရဲဘော်များနှင့် သိမ်းရသော ပစ္စည်းများ။ ဓာတ်ပုံ – BHA

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 ၁လက်၊ MA-2 ၁လက် နှင့် ကျည်များ၊ လက်ပစ်ဗုံး၊ အီနာဂါဗုံးသီး ၊ စကားပြောစက် နှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့ သိမ်းရခဲ့သည်ဟု အသိပေးသည်။

BHA အနေဖြင့် ၂၀၂၄အတွင်း အာဏာသိမ်း စစ်တပ်အား စစ်ရေးအရှိန်မြှင့် ကာ တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ အနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြရန် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ တရားဝင် အသိပေး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန် ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ အဓိကထား ပြုလုပ်လာ၍ ပြည်သူများ လေကြောင်း အန္တရာယ်မှ ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းသည်။

BHA အနေဖြင့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၉ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီး အခြားတော်လှန်ရေး အင်အားစု မဟာမိတ်များနှင့် လည်း မြေပြင်၌ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း အဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

စစ်ကောင်စီ လက်ကိုင်တုတ် ဖြစ်သော ပျူစောထီးများ၊ ပြည်သူစစ်များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ အနေဖြင့် တနိုင်ငံလုံး အတိုင်းအတာ ကျရှုံးမှု ပေါင်းများစွာဖြင့် ရင်ဆိုင်နေရသည့် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ ရင်ခွင် အမြန်ဆုံး ခိုလှုံ ဝင်ရောက်ကြရန်လည်း BHAကတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ခလရ(၁၀၄)တပ်ရင်းမှာ ပေါ်တာဆွဲဖမ်းဆီးထားသူတွေကို နေရာရွှေ့ရာမှာ လမ်းသွား၊လမ်းလာပြည်သူ ၁၀ ဦးခန့်ကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးသတင်းရင်းမြစ်တွေက People's Spring ကို ပြောပါတယ်။

သတင်း

စစ်​ကြောင်းလာ​သော်လည်းမကျန်းမာ​သောခင်ပွန်းကိုပြုစုရင်းကျန်ခဲ့​သော အသက် ၇၀ အရွယ်အမျိုးသမီးကိုစစ်သားက ခင်ပွန်း​ရှေ့တွင်ပင်အဓမ္မပြုကျင့်

သတင်း

တနင်္သာရီတိုင်းတွင် KNLA က​ဒေသခံ​တော်လှန်​ရေးတပ်ဖွဲ့များနှင့်ပူး​ပေါင်း၍ စစ်​ကောင်စီတပ်ကို ယခုလပိုင်းအတွင်းပိုမိုတိုက်ခိုက်​လာရာ စစ်​ကောင်စီတပ်အထိနာ​နေသည်။

Facebook