သတင်း ပခုက္ကူမှထွက်ခွာလာသောစစ်ကောင်စီယာဉ်တန်းပိတ်ဆို့တိုက်ခိုက်ခံပြီး ကိုးရက်အတွင်း ၈၀ ခန့်သေဟု PDF ပြော ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 31, 2024
သတင်း စစ်မှုထမ်းစုဆောင်းလာသည့် ဧရာဝတီတိုင်းမှ လူ ၁၀၀၀ ကျော်ကိုစစ်ကောင်စီက မိသားစုနှင့်အဆက်အသွယ်ဖြတ် စစ်မှုထမ်းဥပဒေဖြင့် လူစုဆောင်းပြီး ဆုံးရှုံးသွားသောနယ်မြေများကို ပြန်သိမ်းမည်ဟု အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် က မတ်လ ၂၇ ရက်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် ထုတ်ပြောထားသည်။ LuduNwayOoမတ် 31, 2024
သတင်း KIA ၏ မတ် ၇ရက်စတင်သောစစ်ဆင်ရေး စစ်ကောင်စီ တပ်စခန်း ( ၆၀ )ဝန်းကျင်သိမ်းပိုက်ထား ထိုးစစ်စတင်သည့် နေ့၌ပင် စစ်ကောင်စီတပ်စခန်း ကြီးငယ် ၁၀ ခုကိုသိမ်းပိုက်ရရှိခဲ့ပြီး နောက်ပိုင်းရက်များတွင်လည်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ ဗျူဟာစခန်းများ၊ ကာကင်းစခန်းများ ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 31, 2024
သတင်း စစ်ကောင်စီတပ်ကရိုက်နှက်နှိပ်စက်သောကြောင့် နိုင်ကျဥ်း ကိုအောင်ကျော်ဇင်ကျဆုံးသွားပြီး သပိတ်ခေါင်းဆောင်ကိုမာန်ဇာမြေမွန်အသက်အန္တရာယ် စိုးရိမ်နေရ ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။ LuduNwayOoမတ် 30, 2024
သတင်း စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်သိမ်းရပြီဟု ဝါဒဖြန့်နေဟု PNLA ပြော စစ်ကောင်စီက လူထုအချို့ကို လူသားဒိုင်းအဖြစ်လုပ်ကာ ဝါဒဖြန့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ ထိခိုက်မည်စိုး၍ ယမန်နေ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း PNLAက အသိပေးသည်။ LuduNwayOoမတ် 30, 2024