Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမှထွက်ခွာလာသောစစ်ကောင်စီယာဉ်တန်းပိတ်ဆို့တိုက်ခိုက်ခံပြီး ကိုးရက်အတွင်း ၈၀ ခန့်သေဟု PDF ​ပြော

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီးတပ်ယာဥ်တန်းကို ထွက်လာပြီးရက်ပိုင်း၌အ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-CJ )
(စစ်​ကောင်စီးတပ်ယာဥ်တန်းကို ထွက်လာပြီးရက်ပိုင်း၌အ​ပေါ်စီးမှ​တွေရစဥ်။ဓါတ်ပုံ-CJ )

▪︎စစ်ကြောင်းအား စွန့်ခွာထွက်ပြေးသူများလာပြီး ယာဥ်တန်း​​ရှေ့မတိုးနိုင်ဘဲ စစ်ကူထပ်​ခေါ်​နေ

ဆလိုင်းမာန်အောင်/People’s Spring

ချင်းပြည်နယ် နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန် ပခုက္ကူမြို့မှထွက်ခွာလာသောစစ်ကောင်စီတပ်ယာဉ်တန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ ကိုးရက်အတွင်း ၈၀ဦးထက်မနည်းသေဆုံးသွားပြီး ယာဉ်တန်း ရှေ့မတိုးနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ကားအစီးရေ ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းသည် မတ်လ ၂၂ရက်တွင် ပခုက္ကူမြို့မှထွက်လာပြီး မတ်လ ၂၃ ရက်တွင် ကမ္မမြို့သို့ရောက်ရှိခဲ့သည်။ ကမ္မမြို့သို့‌မရောက်ခင် ကာကွယ်ရေးတပ်ဖွဲ့များက စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ယာဉ်တန်းကို ကမ္မကို နည်းနည်းပဲ ကျော်နိုင်တယ်။မိုင်းအဓိကဆင်ပြီး တောက်လျှောက် တိုက်နေတာ သေတာက ၈၀ ထက်မနည်းဘူး။ သေချာတဲ့နေရာက ပြန်သိရတာ။ မြေပြင်စစ်ကြောင်းကတချို့လည်း ထွက်ပြေးနေတာရှိတယ်” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကမ္မနှင့် ပေါက်မြို့ကြားရှိ ဂျိုးပျံရွာအနီး၌ တိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေသည်။ ထိုစစ်ကြောင်းမှ ဗိုလ်တစ်ဦးနှင့် တပ်သားသုံးဦးသည် လွန်ခဲ့သည့်ရက်အနည်းငယ်က ထွက်ပြေးသွားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ယနေ့(မတ် ၃၁ရက်)တွင်လည်း အဆိုပါစစ်ကြောင်းမှ ဗိုလ်ကြီးဟိန်းထိုက်ကို နှင့် တပ်သား ၄ ယောက်ထပ်မံထွက်ပြေးသွားကြောင်း ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ယာဥ်တန်းသည် ကမ္မနှင့်ပေါက်မြို့ကြား၌ဆက်ရှိနေပြီး ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေသလို တစုတစည်းတည်းမရှိတော့ဘဲ ပြန့်ကြဲနေကြောင်း၊ စစ်ကူများလည်းထပ်မံခေါ်ယူနေကြောင်း သတင်းရရှိသည်။ထို့အပြင် မိုင်းအန္တရာယ်ကြောက်လန့်ကာ မူလလမ်းဟောင်းအတိုင်းမသွားရဲတော့ဘဲ ဘူဒိုဇာများအသုံးပြုု၍ ပေါက်မြို့နယ် ၊ရေပြာရွာဘက်သို့ရှောင်ကွင်းလမ်းဖောက်လုပ်နေကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။

အဆိုပါ ယာဉ်တန်းသည် ချင်းပြည်နယ်နှင့် ယောဒေသသို့ စစ်အင်အားဖြည့်တင်းရန်ထွက်ခွာလာခြင်းဖြစ်ပြီး ပေါက်မြို့ကိုကျော်လွန်ပါက ကျောက်ထုမြို့သို့ရောက်ရှိမည်ဖြစ်သည်။ ယင်းမှတဆင့် ချင်းတောင်သို့ တက်နိုင်သလို ယောဒေသဘက်သို့လည်း သွားရောက်နိုင်ကြောင်း ကာကွယ်ရေးရဲဘော်များကမှန်းဆထားသည်။

၂၀၂၃ စက်တင်ဘာလကလည်း စစ်ကောင်စီသည် ကားအစီးရေ၇၀ခန့်၊ တပ်ဖွဲ့ဝင်အင်အား ၃၀၀ခန့်ဖြင့် ချင်းတောင်နှင့် ယောဒေသသို့ အင်အားဖြည့်တင်းရန်ကြိုးစားခဲ့ဖူးသည်။ ထိုယာဉ်တန်းကို ပေါက်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်အတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးတဲ့အန္တရာယ်ကို ပြည်သူတွေ ပိုမိုသတိရှိကြဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။