Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြန်သိမ်းရပြီဟု ဝါဒဖြန့်နေဟု PNLA ပြော

စစ်ကောင်စီက လူထုအချို့ကို လူသားဒိုင်းအဖြစ်လုပ်ကာ ဝါဒဖြန့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ ထိခိုက်မည်စိုး၍ ယမန်နေ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း PNLAက အသိပေးသည်။

(ဆီဆိုင်မြို့ ​နေရာအများစုမှာ စစ်​ကောင်စီတပ် ဗုံးကြဲ၊လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ​ကြောင့် ပျက်စီး​နေသည်။ ဓါတ်ပုံ-PNLA News & Info)
(ဆီဆိုင်မြို့ ​နေရာအများစုမှာ စစ်​ကောင်စီတပ် ဗုံးကြဲ၊လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ​ကြောင့် ပျက်စီး​နေသည်။ ဓါတ်ပုံ-PNLA News & Info)

▪︎စစ်ဇုန် ကျရောက်နေဆဲဖြစ်၍ သတင်းတု၊ သတင်းမှားများ သတိပြုရန်နှင့် PNLA၏ တရားဝင် ထုတ်ပြန်ချက်များကို စောင့်ကြည့်ရန် အသိပေး

မြို့တွင်းတိုက်ပွဲများဆက်ရှိနေသည့် ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက ပြန်လည် သိမ်းပိုက်ရရှိပြီဟု ဝါဒဖြန့်ရန်လုပ်ဆောင်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိဆီဆိုင်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဇုန် ဖြစ်နေကြောင်း၊ အဆိုပါ အခြေအနေတွင် စစ်ကောင်စီက မြို့တွင်းသို့ ပြည်သူအချို့ကို ခေါ်ယူကာ ဝါဒဖြန့်ရန် ပြင်ဆင်နေကြောင်း၊ မတ်လ ၂၉ရက်က ပအိုဝ်း ဝတ်စုံဝတ် ပြည်သူများကို ဆီဆိုင်မြို့တွင်းနေရာအချို့၌ ဓာတ်ပုံရိုက်စေသည်ကို တွေ့ရကြောင်း PNLAက ယနေ့ ထုတ်ပြန်သည်။

“သူတို့ ဒီလိုလုပ်တာက မြို့ကို ပြန်သိမ်းပြီဆိုတဲ့ ဝါဒဖြန့်ချင်တာပေါ့။ အဓိကက မြေပြင်မှာ အထိနာနေတဲ့အခါ စစ်ကောင်စီတပ်သားတွေကို စိတ်ဓာတ်မြှင့်တင်ရေးအနေနဲ့ လုပ်တယ်လို့ မြင်တယ်။ အခုက ရက္ခိုင်စစ်မျက်နှာ၊ ကချင်စစ်မျက်နှာ ကရင်နီ၊ ကရင်စစ်မျက်နှာအားလုံးမှာ သူတို့က အထိနာနေတဲ့အတွက် သူတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်ဖို့အတွက် ဒီလိုမျိုးဆင်ပြီးတော့ ဝါဒဖြန့်ချိရေး လုပ်တယ်လို့ပဲမြင်တယ်” ဟု ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီက လူထုအချို့ကို လူသားဒိုင်းအဖြစ်လုပ်ကာ ဝါဒဖြန့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း၊ ပြည်သူများ ထိခိုက်မည်စိုး၍ ယမန်နေ့က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းမပြုခဲ့ကြောင်း PNLAက အသိပေးသည်။

Public Service Announcement

Public Service Announcement

“သူတို့ မြို့ထဲကို အဲဒီလိုမျိုး ဝင်လာတဲ့ အချိန်ကျနော်တို့ တွေ့တယ်။ အမှိုက်ကောက်ချင်ဟန်ဆောင် ဓာတ်ပုံတွေရိုက်ကြတာပေါ့။ သူတို့ ဘယ်က ခေါ်လာမှန်းမသိတဲ့ လူထုတွေ က ပအိုဝ်းဝတ်စုံတွေ ဝတ်ထားကြတာပေါ့လေ။ အဲဒီမှာ တိုက်ပွဲထဖြစ်ရင် လူသားဒိုင်း လုပ်ခံရတဲ့ သူတွေက မလိုလားအပ်ဘဲ ထိခိုက် မှု ဖြစ်မှာ။ အဲဒါကြောင့် မတိုက်ခိုက်ခဲ့ဘူး” ဟု ခွန်ရိန်းယံက ပြောသည်။

လက်ရှိ ဆီဆိုင် မြို့ပေါ် ၆ရပ်ကွက်က အကုန်လုံး နီးပါး ပျက်စီးနေပြီးဖြစကြောင်း၊ စစ်ကောင်စီက အင်အားဖြည့်တင်းပြီး မြို့ကိုတိုက်ခိုက်ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း PNLAက ထုတ်ပြန်သည်။

ထို့ပြင် စစ်ကောင်စီသည် ပြည်သူအား လူသားဒိုင်းအဖြစ်အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် လူထုများအား မြို့တွင်းပြန်ဝင်နိုင်ပြီဖြစ်ကြောင်း သတင်းအမှားများဖြန့်နေလျက်ရှိသည်ဟု ဖော်ပြထားပြီးသတင်းအမှားများကို ယုံကြည်ပြီး စစ်မက်ဖြစ်ပွားနေသည့် စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ကြောင်း၊ မလိုလားအပ်သည့် ထိခိုက်မှုများ ဖြစ်နိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းမခံရစေရန်နှင့် တိုက်ပွဲအကြား မလိုလားအပ်သည့် ထိခိုက်မှုများ မဖြစ်စေရန်အတွက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ကြရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။