သတင်း ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဒုဗိုလ်မှူးကြီးလှမိုးကိုပါ စစ်ကောင်စီထပ်မံဖမ်းဆီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သော ကန်ပိုက်တီနယ်ကုန်သွယ်ရေးစခန်းတွင်တာဝန်ကျနေသည့်ဒုတိယဗိုလ်မှူးကြီးလှမိုးကို ဇူလိုင်လ ၂၄ရက်တွင် နေပြည်တော်မှ တိုက်ရိုက်လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်းကန်ပိုက်တီဒေသခံတစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း KNU တပ်မဟာ(၃)နယ်မြေ အင်ကုန်းရွာနှင့် နံဇရွာတိုက်ပွဲ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၄၀ကျော်သေဟု ထုတ်ပြန် နံဇရွာထိပ်တွင် ဇူလိုင် ၂၅ရက် ညပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် ခုနစ်ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ကျောက်တံခါး(ပကဖ)တာဝန်ရှိသူက ပြောသည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း စစ်သင်္ဘောယာဥ်အုပ်စု ပစ်ခတ်ခဲ့၍ မတ္တရာမြို့နယ်ရှိ သားအမိနှစ်ဦး ကျည်ထိမှန် ယနေ့ (ဇူလိုင် ၂၆ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှ ထွက်ခွာလာသော ထောက်ပို့ယာဥ် သုံးစီးပါ စစ်သင်္ဘော ၉စီးသည် မတ္တရာနယ်ရှိ မြစ်ကမ်းဘေး ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များ ပစ်ခတ်ခဲ့သည်။ LuduNwayOoဇူလိုင် 26, 2023
သတင်း ကျောက်တံခါး၊ နံဇရွာတိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာစစ်သား အလောင်းခုနစ်လောင်းတွေ့ပြီး လက်နက်ခြောက်လက်ရ ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။ LuduNwayOoဇူလိုင် 26, 2023
နိုင်ငံတကာ ကမ္ဘောဒီးယား ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်မယ်လို့ ဟွန်ဆန်း အတည်ပြု၊ သားဖြစ်သူ ဆက်ခံမယ်လို့ ကြေညာ သတင်းတွေအရ ဟွန်ဆန်းဟာ ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်လိုက်တဲ့တိုင် အာဏာရပါတီ အကြီးအကဲ နေရာအပြင် အထက်လွှတ်တော် ဥက္ကဋ္ဌ ရာထူးကိုပါ ရယူပြီး နိုင်ငံရေး လုပ်ပိုင်ခွင့် ပမာဏ ကြီးကြီးမားမားကို ဆက်လက် ထိန်းသိမ်းထားဖွယ် ရှိနေကြောင်း သိရပါတယ်။ LuduNwayOoဇူလိုင် 26, 2023