Connect with us

Hi, what are you looking for?

သတင်း

ကျောက်တံခါး၊ နံဇရွာတိုက်ပွဲအပြီးနယ်မြေရှင်းလင်းရာစစ်သား အလောင်းခုနစ်လောင်းတွေ့ပြီး လက်နက်ခြောက်လက်ရ

ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များ။ ဓါတ်ပုံ-​ကျောက်တံခါးပကဖ)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သောလက်နက်များ။ ဓါတ်ပုံ-​ကျောက်တံခါးပကဖ)

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် နံဇကျေးရွာတွင်ဖြစ်ပွားသော တိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ရာ စစ်ကောင်စီတပ်မှ အလောင်းခုနစ်လောင်းတွေ့ရှိပြီး လက်နက်ခြောက်လက် သိမ်းဆည်းရရှိခဲ့ကြောင်းကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယမန်နေ့(ဇူလိုင် ၂၅)ည ၉ နာရီက ကျောက်တံခါးမြို့နယ် နံဇရွာထိပ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် ခုနစ်ဦးသေဆုံးကာ ခုနစ်ဦးထိခိုက်ဒဏ်ရာရသွားကြောင်း ကျောက်တံခါး(ပကဖ)က ပြောသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒဏ်ရာရသူခုနစ်ဦးသည် တောင်ငူဆေးရုံ၌ အတွင်းလူနာအဖြစ်ကုသနေရပြီး အခြေအနေမကောင်းကြောင်း၊ တိုက်ပွဲအတွင်း လက်နက်ခုနစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကျောက်တံခါး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“ ပထမ တစ်လက်က ညထဲက၊ ကျန်တာက ဒီနေ့ စခ ဆုတ်ပြီး နယ်မြေရှင်းပြန်ဝင်မှရတာ” ဟု ၎င်းက ​People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါ နံဇရွာဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကားအကြီးတစ်စီး၊ ဘေးတွဲဆိုင်ကယ်နှစ်စီးဖြင့် အင်အား ၄၀ ကျော်နှင့် ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အား တော်လှန်ရေးပူးပေါင်းတပ်များက ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျောက်တံခါးမြို့နယ်အတွင်းမှ စစ်ကောင်စီလက် အောက်ခံ စစ်သားနှင့် ရဲများအနေဖြင့် လက်နက်ချအညံ့ခံရန် သတိပေးထားပြီး လက်နက်နှင့် ဆက်စပ်ပစ္စည်းများပါလာပါက ထိုက်သင့်သော ဆုကြေးငွေကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ် (ပကဖ)မှ ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းကရေကြည် နဲ့ လေးမျက်နှာမြို့နယ်စပ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်‌တော်(AA) တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီကဟင်္သာတမြို့ဘက်ကနေ အင်အားဖြည့်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆို - ထားလဲ -နန်းဖဲ - ဘောလခဲလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့မှာ တိုက်ပွဲဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားငါးဦးထက် မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ရရှိတယ်လို့ ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။