သတင်း ရခိုင်ဒေသမုန်တိုင်းဘေးအတွက် မိုင်းလား၊ ရှမ်း SSPPနှင့် မွန် NMSPတို့က AAထံ အလှူငွေများပေးအပ် မုန်တိုင်းဘေးကြောင့် ရက္ခိုင်ပြည်သူလူထု ဒုက္ခရောက်နေသည့်အချိန်တွင် ယခုကဲ့သို့ မိတ်ဆွေပီသစွာ ၊ မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်း AA ခေါင်းဆောင်၏ ကျေးဇူးတင်လွှာ၌ ဖော်ပြသည်။ LuduNwayOoမေ 28, 2023
သတင်း ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက်စစ်ကြောင်းထိုးမီးရှို့ပြီး စစ်ဘေးရှောင် ပြည်သူနှစ်ဦးသတ်ဖြတ်သွား ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ LuduNwayOoမေ 28, 2023
သတင်း မင်းတပ်ရှိ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ဟု CDF အသိပေး စစ်ကောင်စီများအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ့အသက်အိုးအိမ်ကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်မှု ဆက်လက် ကျူးလွန်လာပါက မင်းတပ် CDFအနေဖြင့် ဆက်လက် တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။ LuduNwayOoမေ 28, 2023
သတင်း မိုးဗြဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ယနေ့ လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့နံနက် လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ ဒေသခံပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDFက ယနေ့ ထုတ်ပြန်သည်။ LuduNwayOoမေ 28, 2023
သတင်း မဟာမိတ်စာချုပ်အား ဆက်အသိအမှတ်ပြုရန်၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်တွဲဆောင် ရွက်ရန် KIOနှင့် PSLF/TNLAသဘောတူ ဒေသခံများဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုး အပါအဝင် ဒေသတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားကြရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 28, 2023