Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်ရှိ စစ်ကောင်စီတပ်ရင်း၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့ဟု CDF အသိပေး

စစ်ကောင်စီများအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ့အသက်အိုးအိမ်ကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်မှု ဆက်လက် ကျူးလွန်လာပါက မင်းတပ် CDFအနေဖြင့် ဆက်လက် တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Chin Defence Force - Mindat)

▪️ပြည်သူကိုပစ်မှတ်ထား လက်နက်ကြီးပစ်ခတ်မှုများ ဆက်လုပ်ပါက ထပ်မံလက်တုံ့ပြန်မည်ဟု သတိပေး

စစ်ကောင်စီတပ်၏ မင်းတပ်မြို့အခြေစိုက် ခလရ(၂၇၄)တပ်ရင်း၊ မင်းတပ်ရဲစခန်း ၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များကို ရှော့တိုက်ဒုံး၊ ရှော့ကတ်အလုံး ၃၀ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ သတင်းထုတ်ပြန် သည်။

စစ်ကောင်စီက မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီးများ ရမ်သမ်းပစ်ခတ်ခြင်းများ ပြုလုပ်နေ၍ ပြည်သူလူထုအသက်အိုးအိမ်ဆုံးရှုံးမှုများပြားလာလျက်ရှိရာ စစ်ကောင်စီ၏ ထိုသို့ ပစ်မှု ကျူးလွန်ခြင်းများကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် မေလ ၂၅ရက်တွင် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – Chin Defence Force – Mindat)

ထိုသို့ တိုက်ခိုက်မှုများကြောင့် ခလရ(၂၇၄)၊ ကန်ပက်လက်လမ်းခွဲရှိ စစ်ဆေးရေးဂိတ်နှင့် မင်းတပ်ရဲစခန်းတို့အတွင်း ကျရောက်ပေါက်ကွဲမှုများရှိခဲ့ပြီးပျက်စီးထိခိုက်မှုများကို အတည်ပြုရန် စိစစ်နေဆဲဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

မေလ ၂၆ရက်တွင်လည်း ကျောက်ထုမှ တက်လာသည့် စစ်ကောင်စီအင်အား ၁၈၀ခန့်ကို ကျောက်ထု – မင်းတပ်လမ်းပိုင်းတစ်နေရာ၌ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယခု စစ်ဆင်ရေးများကို မင်းတပ် CDF၊ မတူပီ CDF တပ်ရင်း(၁)၊ စစ်ဒေသ(၁) ဂန့်ဂေါခရိုင် တပ်ရင်း(၃)နှင့် တပ်ရင်း(၁၃)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Chin Defence Force - Mindat)
(မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ – Chin Defence Force – Mindat)

စစ်ကောင်စီများအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူ့အသက်အိုးအိမ်ကို ထိခိုက်စေလိုသည့် ရည်ရွယ်ချက်ရှိရှိဖြင့် မင်းတပ်နယ်ရှိ ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်မှု ဆက်လက် ကျူးလွန်လာပါက မင်းတပ် CDFအနေဖြင့် ဆက်လက် တုံ့ပြန်သွားမည်ဟု ထုတ်ပြန်ထားသည်။

မင်းတပ်နယ်အတွင်း စစ်ရေးအခြေအနေများနှင့် ပတ်သတ်၍ မေးမြန်းရန် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်ထံသို့ ယနေ့ ဆက်သွယ်ရာအဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်အရှေ့ခြမ်း တနေရာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ ဇွန် ၁၇ရက် မနက်မှာ လေယာဉ်နဲ့ ဗုံးအလုံး ၇၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။