Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက်စစ်ကြောင်းထိုးမီးရှို့ပြီး စစ်ဘေးရှောင် ပြည်သူနှစ်ဦးသတ်ဖြတ်သွား

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ရေမော်တော်ယာဥ်များကိုပါ စစ်အုပ်စု မီးတင်ရှို့နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက် စစ်ကြောင်းထိုး မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူ နှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၂၈ ရက်) နံနက် ၆ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်သည် ချင်းယားရွာ၊ မိုးကွဲရွာ၊ မိုးဖြူရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် အခြားစစ်ကြောင်းတစ်ကြောင်းသည် ကူနီနှင့် ရေယှားကျေးရွာကြားရှိ စစ်ဘေးရှောင် ၂၀၀ ခန့် တိမ်းရှောင်နေသောနေရာသို့ ပစ်ခတ်ဝင်ရောက်ကာ စစ်ဘေးရှောင် အမျိုးသား နှစ်ဦးအား ပစ်သတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးအချို့လည်း ကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“သေနတ်မှန်ထားတဲ့ အမျိုးသမီးတွေနဲ့ တခြားဓားစာခံပြည်သူအမျိုးသမီးများကို ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။”ဟု yay lal kyun news အဖွဲ့ တာဝန်ရှိသူက ပြောသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ထို့အပြင် စစ်ကောင်စီတပ်သည် နန်းဦးကျေးရွာအား မီးရှို့ဖျက်ဆီးသွားသည့်အပြင် ကျေးရွာအနီးရေပြင်နှင့် ဆိပ်ကမ်း၌ ရပ်ထားသော မော်တော်ယာဥ် ၁၅စီးခန့်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရေယှားရွာအတွင်းမှ စစ်ကောင်စိတပ် စစ်ကြောင်းသည် စစ်ရှောင်များ၏ ဆိုင်ကယ် ၁၅စီးနှင့် ဓားစာခံ ပြည်သူများခေါ်ဆောင်ကာ နေရင်းရွာနှင့် မင်းရွာသို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်း လေးခုထက်မနည်းထိုးနေသော စစ်ကောင်စီတပ်သည် နှစ်ရက်အတွင်း ကျေးရွာ ၁၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ထို့အပြင် ကျေးရွာပေါင်း ၃၀ခန့်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

Facebook