Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက်စစ်ကြောင်းထိုးမီးရှို့ပြီး စစ်ဘေးရှောင် ပြည်သူနှစ်ဦးသတ်ဖြတ်သွား

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)

▪️ရေမော်တော်ယာဥ်များကိုပါ စစ်အုပ်စု မီးတင်ရှို့နေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က သုံးရက်မြောက် စစ်ကြောင်းထိုး မီးရှို့နေပြီး စစ်ဘေးရှောင်ပြည်သူ နှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၂၈ ရက်) နံနက် ၆ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်သည် ချင်းယားရွာ၊ မိုးကွဲရွာ၊ မိုးဖြူရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် အခြားစစ်ကြောင်းတစ်ကြောင်းသည် ကူနီနှင့် ရေယှားကျေးရွာကြားရှိ စစ်ဘေးရှောင် ၂၀၀ ခန့် တိမ်းရှောင်နေသောနေရာသို့ ပစ်ခတ်ဝင်ရောက်ကာ စစ်ဘေးရှောင် အမျိုးသား နှစ်ဦးအား ပစ်သတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးအချို့လည်း ကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“သေနတ်မှန်ထားတဲ့ အမျိုးသမီးတွေနဲ့ တခြားဓားစာခံပြည်သူအမျိုးသမီးများကို ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။”ဟု yay lal kyun news အဖွဲ့ တာဝန်ရှိသူက ပြောသည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ထို့အပြင် စစ်ကောင်စီတပ်သည် နန်းဦးကျေးရွာအား မီးရှို့ဖျက်ဆီးသွားသည့်အပြင် ကျေးရွာအနီးရေပြင်နှင့် ဆိပ်ကမ်း၌ ရပ်ထားသော မော်တော်ယာဥ် ၁၅စီးခန့်ကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရေယှားရွာအတွင်းမှ စစ်ကောင်စိတပ် စစ်ကြောင်းသည် စစ်ရှောင်များ၏ ဆိုင်ကယ် ၁၅စီးနှင့် ဓားစာခံ ပြည်သူများခေါ်ဆောင်ကာ နေရင်းရွာနှင့် မင်းရွာသို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်ကလည်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်း လေးခုထက်မနည်းထိုးနေသော စစ်ကောင်စီတပ်သည် နှစ်ရက်အတွင်း ကျေးရွာ ၁၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Cj)
(စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားသော မော်တော်ယာဥ်များနှင့် နေအိမ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – Cj)

ထို့အပြင် ကျေးရွာပေါင်း ၃၀ခန့်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။