Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ယနေ့ လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့နံနက် လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ ဒေသခံပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDFက ယနေ့ ထုတ်ပြန်သည်။

(ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးနှင့် ယနေ့နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးနှင့် ယနေ့နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)

▪️စစ်ဘေးရှောင်ပြည်သူ လေးဦးဒဏ်ရာရ

ရှမ်း – ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်က ယနေ့ နံနက်စောပိုင်းတွင် မြို့အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းကို လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း PDFက အသိပေးထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ဘေး‌ရှောင်ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် သုံးလုံး ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“မနေ့က ညပိုင်းအထိတော့ ထိတွေ့မှုရှိခဲ့တယ်။ဒါပေမယ့် ဒီနေ့ကတော့ မဖြစ်သေးဘူး။တင်းမာနေတဲ့အခြေအနေလို့တော့ ပြောနိုင်တယ်”ဟု မိုးဗြဲဒေသခံ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိ မိုးဗြဲမြို့တွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် ဖြတ်သန်းသွားလာမည့် ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးဂရုပြုရန် မိုးဗြဲ PDF က သတိပေးသည်။

Public Service Announcement

Public Service Announcement

(ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးနှင့် ယနေ့နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ - မိုးဗြဲ PDF)
(ယမန်နေ့ ညပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီးနှင့် ယနေ့နံနက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်အချို့အား တွေ့ရစဥ်။ ဓာတ်ပုံ – မိုးဗြဲ PDF)

ထို့အပြင် ယမန်နေ့ကလည်း မိုးဗြဲမြို့၌ စစ်ကောင်စီနှင့် ကရင်နီကာကွယ်ရေးတပ်ပေါင်းစုတို့ ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ လေယာဥ်ဖြင့် (၈)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်ခဲ့သည်။

ယမန်နေ့က တာဝေးပစ်လက်နက်ကြီးပစ်ကူများ အဆမတန်အသုံးပြု၍ အသက် (၃)နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

အလားတူ နေအိမ်များနှင့် ဘုန်းကြီးကျောင်း အပါအဝင် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရကြောင်း ဖော်ပြသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီက ယမန်နေ့နှင့် ယနေ့နံနက် လေယာဥ်ဖြင့်ပစ်ခတ်တိုက်ခိုက်မှုအတွင်း သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးကာ ဒေသခံပြည်သူ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မိုးဗြဲ PDFက ယနေ့ ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။