Connect with us

Hi, what are you looking for?

သတင်း

မဟာမိတ်စာချုပ်အား ဆက်အသိအမှတ်ပြုရန်၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လက်တွဲဆောင် ရွက်ရန် KIOနှင့် PSLF/TNLAသဘောတူ

ဒေသခံများဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုး အပါအဝင် ဒေသတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားကြရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

(KIAနှင့်TNLA တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - AFP၊GETTY IMAGES)
(KIAနှင့်TNLA တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - AFP၊GETTY IMAGES)

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့်ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ကိုယ်စားလှယ်အဖွဲ့တို့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဒေသ၌ တွေ့ဆုံဆွေးနွေးခဲ့ရာ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အတူလက်တွဲဆောင်ရွက်သွားရန် အပါအဝင် အခြား သဘောတူညီချက်များ ရရှိခဲ့ကြောင်း အဆိုပါအဖွဲ့နှစ်ဖွဲ့က ပူးတွဲထုတ်ပြန်သည်။

တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုကို မေလ ၁၆ရက်နှင့် ၁၇ရက်တွင် နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး ဒေသတွင်းရှိ ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုတ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားရန်တို့ကို ဆွေးနွေးခဲ့သည်ဟု KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ခဲ့သည်။

(KIAနှင့်TNLA တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - AFP၊GETTY IMAGES)
(KIAနှင့်TNLA တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – AFP၊GETTY IMAGES)

အစည်းအဝေးတွင် KIOနှင့် ယခင် PSLOတို့ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီခဲ့ကြသည့် ထာ၀ရ မဟာမိတ်စာချုပ်အား KIOနှင့် PSLFF တို့မှ ဆက်လက်၍ အသိအမှတ်ပြု ထိန်းသိမ်း အကောင်အထည်ဖော်သွားရန်၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားကြရန်၊ အမျိုးသားတန်းတူရေး အပေါ် အခြေခံပြီး အပြန်အလှန် လေးစားလျက် ရှေးယခင်အတိုင်း ချစ်ကြည်ရင်းနှီးစွာ ယှဉ်တွဲနေထိုင်သွားရန် သဘောတူညီခဲ့သည်ဟု အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့ပြင် အငြင်းပွားဖွယ်ရာ သမိုင်းကြောင်းများနှင့် အမုန်းစကားများကို ရှောင်ကြဉ်ကာ ချစ်ခင်ရင်းနှီးမှုတို့ကို အလေးထား ဆောင်ရွက်ရန်၊ မမျှော်လင့်သည့် အခက်အခဲများ ပေါ်ပေါက်လာပါက မှန်ကန်သောဆုံးဖြတ်ချက်ရရှိရေးအတွက် နှစ်ဖက်တိုင်ပင် ညှိနှိုင်းဖြေရှင်းသွားကြရန်၊ ပဋိပက္ခမပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းကြရန် သဘောတူညီခဲ့သည်ဟု ပူးတွဲကြေညာသည်။

Public Service Announcement

Public Service Announcement

(KIAနှင့်TNLA တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - AFP၊GETTY IMAGES)
(KIAနှင့်TNLA တပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – AFP၊GETTY IMAGES)

ဒေသခံများဖြစ်ကြသည့် ကချင်လူမျိုး၊ တအာင်း(ပလောင်)လူမျိုး၊ ရှမ်းလူမျိုး အပါအဝင် ဒေသတွင်းရှိ ပြည်သူလူထုတို့၏ ဘေးကင်းလုံခြုံရေးကို တာဝန်ခံရန်နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော လုပ်ရပ်များကို ရှောင်ရှားကြရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကိစ္စရပ်များအား အပြန်အလှန် သတင်းဖလှယ်ရန်နှင့် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို အသိအမှတ်ပြု အားပေးရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး အခြားလိုအပ်သည့်ကိစ္စရပ်များကိုလည်း နှစ်ဖက်အဖွဲ့အစည်းမှလိုအပ်သလို ဆက်လက် ညှိနှိုင်းသွားမည်ဟု ဖော်ပြခဲ့သည်။

KIAသည် ကချင်ပြည်နယ်အတွင်းသာမက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌လည်း အခြေချ စစ်ရေးလှုပ်ရှားလျက်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၂၁)မှာထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့အရှေ့တောင်ဘက်ကဉာဏ်တော နဲ့ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်ပွားခဲ့တယ်လို့တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာကျယ်ပြန့်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် မန္တလေး−မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုမ္မသီး နဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၁၇ရက်)နံနက်မှာ သတင်းထုတ်ပြန်ပါတယ်။