သတင်း လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီးနှင့်ဇနီး ပစ်ခတ်ရှင်းလင်းမှုမှာ “နန်းထိုက်အောင်”စစ်ဆင်ရေးအရဟု တာဝန်ရှိသူပြော အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ်လမ်းပိုင်းအား ခရီးသွားလာခြင်းမပြုရန် မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတိပေး "သတိပေးတားမြစ်ချက်အား မလိုက်နာဘဲ တစ်စုံတရာ ဖြစ်ပွားခဲ့ပါက မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက် မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ကျေးဇူးပြု၍ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်"ဟု မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ခင်ဦးမြို့နယ် အနောက်ခြမ်းရှိရွာများကို စစ်ကောင်စီတပ် လေကြောင်းမှ ပစ်ခတ်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ယနေ့(ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းမှစတင်ကာ ခင်ဦးမြို့နယ်၊ မြင်းဒေါင်း - သာဝတ္တိ - မုံလှ ကွန်ကရစ်လမ်းပိုင်းတွင် သွားလာနေကြသော မော်တော်ယာဥ်များအား အရေးပေါ်လိုအပ်ချက်အရ သွားလာခွင့် ယာယီပိတ်ထားလိုက်ကြောင်း ARF-KU က သတိပေးထားသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း ရွှေဘို-ကျောက်မြောင်းလမ်းတွင်စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် မျှစ်ချိုးရောင်းသူလင်မယားသေဆုံး နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။ LuduNwayOoဇူလိုင် 18, 2022
သတင်း မတူပီအခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦး CDMပြုလုပ်လာဟု CDF အသိပေး ပြီးခဲ့သည့် ဧပြီလကလည်း မတူပီမြို့အခြေစိုက်စစ်ကောင်စီ၏ စစ်ဗျူဟာစခန်းမှ တပ်သားချစ်ကိုကိုနှင့် မုံရွာအခြေစိုက် ထပရ(၉၂၉)မှ တပ်သားဖြိုးမင်းတို့သည် သေနတ် သုံးလက်နှင့်အတူ CDM ပြုလုပ်ကာ မတူပီ CDFထံ အလင်းဝင်ခဲ့သည်။ LuduNwayOoဇူလိုင် 18, 2022