Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ်လမ်းပိုင်းအား ခရီးသွားလာခြင်းမပြုရန် မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတိပေး

“သတိပေးတားမြစ်ချက်အား မလိုက်နာဘဲ တစ်စုံတရာ ဖြစ်ပွားခဲ့ပါက မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက် မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ကျေးဇူးပြု၍ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။

မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်
မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်

စစ်ကောင်စီက အင်အားတိုးမြှင့်လာပြီးနောက် စစ်ရေးတင်းမာနေ၍ မန္တလေး – မိုးမိတ် လမ်းပိုင်း အား မည်သည့်နည်းလမ်း နှင့်မျှခရီးသွားလာခြင်း မပြုကြရန် မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်က သတိပေးထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မန္တလေး- မိုးမိတ်လမ်းပိုင်း အသုံးပြုကာ စစ်လက်နက် ပစ္စည်း၊ ရိက္ခာများ နှင့် စစ်အင်အားများ သယ်ယူပို့ဆောင် နေသည်ဟု လတ်တလောရရှိထားသည့် မြေပြင်သတင်းကို မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်က ဇူလိုင် ၁၇ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အ​ပြင် ပြည်သူ့ကာကွယ်ရေး တပ်မတော်နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးအခြေအနေ တင်းမာနေ၍ မန္တလေး- မိုးမိတ်လမ်းပိုင်းကို ဇူလိုင် ၁၇ရက်ကစ၍ ဖြတ်သန်းသွားလာခြင်းမပြုရန် မေတ္တာရပ်ခံထားသည်။

“သတိပေးတားမြစ်ချက်အား မလိုက်နာဘဲ တစ်စုံတရာ ဖြစ်ပွားခဲ့ပါက မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်ဘက် မှ တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ ကျေးဇူးပြု၍ မိဘပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု မိုးမိတ်မြို့ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

မိုးမိတ်မြို့ပြည်သူ့ကာကွယ်ရေး တပ်မတော်သည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အကူအညီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းပြီးကြောင်းကို ဇူလိုင် ၁၁ရက်က တရားဝင်ကြေငြာခဲ့သည်။ ယင်းနေ့တွင် မိုးမိတ်ခရိုင်ထွေအုပ်ရုံးကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၁၃ရက်တွင် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (၂၂၃)ဂိတ်စခန်းနှင့် မိုးမိတ်မြို့မရဲစခန်းကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။