Connect with us

Hi, what are you looking for?

သတင်း

ရွှေဘို-ကျောက်မြောင်းလမ်းတွင်စစ်​ကောင်စီတပ်ပစ်ခတ်မှု​ကြောင့် မျှစ်ချိုး​ရောင်းသူလင်မယား​​သေဆုံး

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

(ရွှေဘို-ကျောက်မြောင်းလမ်းအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(ရွှေဘို-ကျောက်မြောင်းလမ်းအားတွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းကစစ်​ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မျှစ်ချိုးရောင်းသွားသူလင်မယားနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့ (ဇူလိုင်လ ၁၈ရက်နေ့)နံနက်၃နာရီ ၄၅မိနစ်ဝန်းကျင်က ကျောက်မြောင်းမြို့၊ ခမရ ၁၂ မှ ကားတစ်စီးဖြင့် ထွက်လာသော အင်အား၁၂ဦးခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ်သည် ရွှေဘို-ကျောက်မြောင်း လမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

နံနက် ၄ နာရီခွဲခန့်တွင်ကျောက်မြောင်းဘက်မှ ရွှေဘို ဘက်သို့ ဆိုင်ကယ်ဖြင့် မျှစ်ရောင်းရန် သွားသော လင်မယားနှစ်ဦးအား တအုံရွာ အရှေ့ဘက်တွင်အကြမ်းဖက်စစ်တပ်ကပစ်ခတ်သတ်ဖြတ်သွားကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးသည်။

ပြည်သူများအနေဖြင့် ရွှေဘို-ကျောက်မြောင်း လမ်းပိုင်းကို မသွားကြရန် ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

ထိုရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် ဇူလိုင်လ၁၅ရက်နေ့ ည၈း၄၅ ခန့်က ရွှေဘို မှ ကျောက်မြောင်းဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ အိမ်စီးကား ၁စီး အား လမ်းပိုင်းတစ်နေရာတွင် ရွှေဘိုခရိုင်တပ်ရင်း(၅) တပ်ခွဲ(၂) နှင့် ဒေသခံ ပကဖအဖွဲ့တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာ အပြင်းအထန်ရသွားကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ စဥ့်တုံံကျေးရွာအနီးမှာ ရွှေဘိုမြို့နယ်ကို အဓိက ရေပေး​ဝေနေတဲ့ မူးကြီး(တူးမြောင်း) ကျိုးသွားလို့ စပါးခင်းတွေအတွက် ရေအခက်အခဲ ရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်