Connect with us

Hi, what are you looking for?

သတင်း

လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ် ဗိုလ်ကြီးနှင့်ဇနီး ပစ်ခတ်ရှင်းလင်းမှုမှာ “နန်းထိုက်အောင်”စစ်ဆင်ရေးအရဟု တာဝန်ရှိသူပြော

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

"နန်းထိုက်အောင်"စစ်ဆင်ရေး
"နန်းထိုက်အောင်"စစ်ဆင်ရေး

ရန်ကုန်မြို့ လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်၎င်း၏ ဇနီး ပစ်ခတ် ရှင်းလင်းမှုမှာ “နန်းထိုက်အောင်”စစ်ဆင်ရေးအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိ သူက People’s Spring သို့ ပြောကြားသည်။

” လှိုင်က ဗိုလ်ကြီးလင်မယားကို ရှင်းတဲ့ကိစ္စက ဟိုနေ့က ပြောသလိုပဲ ကိုင်းကြီးကြီးတွေ ဖြတ်ဖို့လုပ်ပြီးဆိုတဲ့ အကျိုးဆက်ပဲပေါ့နော်။ နန်းထိုက်အောင် အဖွဲ့က ဆောင်ရွက်တာပါ”ဟု ၎င်းကပြောသည်။

ယနေ့(ဇူလိုင် ၁၈ ရက်) နံနက် ၉ နာရီခွဲခန့်က လှိုင်မြို့နယ် ပိတောက်ချောင်း၊ (၂) ရပ်ကွက်၊ ဘုရင့်နောင် (၉) လမ်း၌ ပစ်သတ်ခံရခြင်း ဖြစ်သည်။

“သူတို့နေတာက ဘုရင့်နောင် (၄)လမ်းထဲမှာလို့ပြောတယ်။ ကားနဲ့ထွက်လာတဲ့ အချိန် ဘုရင့်နောင် (၉)လမ်းထဲမှာ ပစ်သတ်ခံရတာ”ဟု လှိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းပေ့ချ် များ၏ အဆိုအရ သေနတ်ဖြင့် ငါးချက်အနီးကပ်ပစ်ခတ်သဖြင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့်မဂျူးဂျူးအောင် တို့တွင် လည်ပင်းနှင့်နားထင်ကျည်ထိမှန်ဒဏ်ရာများဖြင့်အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း ဖော်ပြသည်။

၂၀၂၂ ဧပြီ ၈ရက်က စတင်ခဲ့သော နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးအရ ရက်ပေါင်း ၆၀အတွင်း စစ်ကောင်စီပစ်မှတ် ၉၁ ခုအား တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈၀ ဦးထက်မနည်းသေဆုံးပြီး ၉၀ ကျော်ပြင်းထန်ဒဏ်ရာများရရှိကြောင်း စစ်ဆင်ရေးတာဝန်ခံက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

လတ်တလော အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ ကျဆုံး အမေရိကန် စစ်သည်တွေကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေကြောင့် ဇွန်လအတွင်းမှာ စစ်တပ်က အရာရှိ ၄ဦး အပါအဝင် ၄၀ဦးကျော် သေဆုံးကာ ရဲစခန်းမှူး အပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နေပြည်တော် PDFက သတင်းထုတ်ပြန်ပါတယ်။