သတင်း ကျဆုံး NLDအမတ် ဦးကျော်မျိုးမင်းအား နွေဦးအာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကြောင်း KNUသထုံခရိုင် မိတ်ဖက်ရေးရာကော်မတီ ထုတ်ပြန် KNU သထုံခရိုင် တပ်မဟာ(၁)နယ်မြေတွင် KNU လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ် ရေးတပ်(PDF)နှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး မိတ်ဖက်ရေးကာကြီးကြပ်ကွပ်ကဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း မူးယစ်ဆေးဝါးရောင်းဝယ်သောစခန်းတစ်ခုကိုရေးပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး ခေတ်ပျက်ကာလကိုအမှီပြု၍ အနာဂတ်လူငယ်များ၏ဘဝကိုဖျက်စီးနေသော မည်သည့်မူးယစ်အဖွဲ့ကိုမဆို အခါအားလျှော်စွာ ဆက်လက်ဖော်ထုတ်ပြီ ယခုထက်ပိုမိုထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို တင်ပြအပ်ပါသည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ကထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ကိုင်းတောမစခန်းမှ ရဲတပ်သားနှစ်ဦး မြိုင်(ပကဖ)ထံ လက်နက်နှင့်အတူ အလင်းဝင် ယင်းတပ်သားနှစ်ဦးအား မြိုင်(ပကဖ)မှ တစ်ဦးလျင် ကျပ်သိန်း ၅၀စီ ထောက်ပံ့ပေးအပ်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားရှိကြောင်း အသိပေးသည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ထီးချိုင့်နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဖြင့် တိုက်ခိုက်ခံရပြီး ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရ ယင်းနေရာကို ကာကွယ်ရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ၌ စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်း နှစ်လုံး၊ ပေါက်စက် တစ်လုံး၊ (၄၀)မမကျည် တစ်လုံး တွေ့ရှိခဲ့ကြောင်း Fox Army – HPDFက ထုတ်ပြန်သည်။ LuduNwayOoဇူလိုင် 9, 2022
သတင်း ယင်းမာပင်ခရိုင်တွင် NUG ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုဖြင့် အတန်းတင်စာမေးပွဲများ ကျင်းပ NUGပညာရေးဝန်ကြီးဌာန၏ ကြားကာလ ပညာသင်နှစ်ကို ဆရာ၊ ဆရာမ ၊ စေတနာ့ဝန်ထမ်း (Volunteer) စုစုပေါင်း ၅၅ဦး နှင့် CDM ဝန်ထမ်း ၁၈ဦးတို့က ဦးဆောင်ပြီး သင်ကြားပေးခဲ့ကြောင်း သိရသည်။ LuduNwayOoဇူလိုင် 9, 2022