Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးမှာ စစ်တပ် ဗုံးကြဲလို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(လက်နက်ကြီးထိ၍ သေဆုံးခဲ့သော အမျိုးသမီးအား တွေ့ရစဥ်။ ဓါတ်ပုံ-Wetlet Informational Network)

ဇူလိုင် ၂၁၊ ၂၀၂၆။ မေရီ/People’s Spring

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လင်မယား ၂ဦး ထိမှန်ပြီး ဇနီးဖြစ်သူ သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဇူလိုင် ၂၁ ရက် ညနေပိုင်းက စဥ့်ကူးမြို့နယ်၊ အနောက်တောင်ခြမ်းက ကျွန်းကြီးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်တပ်က ကြက်တူရွေးရွာကို ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီတိုက်ခိုက်မှုကြောင့် အသက် ၅၀အရွယ်ခန့် ဦးမျိုးမင်းဦးနဲ့ ၎င်းရဲ့ အမျိုးသမီး ဒေါ်ဝင်းဌေးတို့ ထိမှန်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်ဝင်းဌေး သေဆုံးခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောပါတယ်။

“သူတို့လင်မယားက ရွာထဲ ဘာဝင်ယူတယ်မသိဘူး။ တစ်ရွာလုံးက ရှောင်နေရတာ တစ်လလောက်ရှိပြီ။ သတိူ့ဝင်တဲ့အချိန် ဗုံးချခံရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ စဥ့်ကူးမြို့နယ်က ကျွန်းပေါ် ရွာတွေနဲ့ မြစ်ကမ်းဘေးရွာတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်နေပြီး ပြည်သူတွေ သတိထားဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနေပါတယ်။

ဇူလိုင် ၉ ရက်ကလည်း စဉ့်ကူးမြို့နယ်၊ လက်ပန်လှရွာမြောက်ဘက်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်လို့ ဆင်သေရွာ အနောက်ဘက်နဲ့ ရွာတော်ရွာ အရှေ့မြောက်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ရာ ​သက်ကြီးရွယ်အိုတွေ အပါအဝင် ပြည်သူ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာကို စစ်တပ်က လက်နက်ကြီးဗုံးသီးတွေကို ဒရုန်းမှာ တပ်ကာ ဗုံးကြဲခဲ့တာမို့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး လင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အမျိုးသမီးမှာ ပြင်းထန်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေချိန်မှာပဲ အာဏာသိမ်းစစ်တပ်က တောင်ပြုံးပွဲတော်ကို ကျင်းပဖို့ စီစဉ်နေပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook