Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရဲတပ်ဖွဲ့ ဖြိုခွင်းမှုတွေကြောင့် ချီတက်ဆန္ဒပြပွဲတွေ ဆိုင်းငံ့ထားမယ်လို့ အိန္ဒိယ ပိုးဟပ်ပါတီ ကြေညာ

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ဓာတ်ပုံ - EPA

အာဏာပိုင်တွေရဲ့ အင်အားသုံး ဖြိုခွင်းမှုတွေကြောင့် အိန္ဒိယရဲ့ ပိုးဟပ် နိုင်ငံရေး လှုပ်ရှားမှုရဲ့ ဆန္ဒပြ ချီတက်ပွဲတွေကို ခဏတာ ဆိုင်းငံ့ထားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

ပိုးဟပ် လှုပ်ရှားမှု ဆိုတာက အိန္ဒိယ အစိုးရနဲ့ အစဉ်အလာအရ အင်အားကြီးတဲ့ နိုင်ငံရေး အင်အားစုတွေကို သရော်ဖို့ လူငယ်တွေ ဦးဆောင်ပြီး စတင်ခဲ့တဲ့ အွန်လိုင်း နိုင်ငံရေး လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ အိန္ဒိယ တရားသူကြီးချုပ်က အလုပ်လက်မဲ့ လူငယ်တချို့ကို ကောင်းကျိုးမပေးတဲ့ ပိုးဟပ်တွေလို့ ဝေဖန်ပြောဆိုခဲ့တာကို တုံ့ပြန်တဲ့ အနေနဲ့ ပိုးဟပ် ဂျန်တာပါတီ (CJP) ဆိုတာကို အွန်လိုင်းပေါ်မှာ ထူထောင်ခဲ့ရာကနေ မမျှော်လင့်ဘဲ လူထုစိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိလာခဲ့ပါတယ်။

CJP ဆိုတာဟာ ဝန်ကြီးချုပ် မိုဒီ ဦးဆောင်နေတဲ့ အာဏာရ ဘာဟ်ရာတီယာ ဂျန်နက်တာပါတီ (BJP)ကို တိုက်ရိုက် သရော်ထားတဲ့ နာမည်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ CJPဟာ အစိုးရရဲ့ မူဝါဒတွေကို ထိထိရောက်ရောက် ထောက်ပြ ဝေဖန်တာ၊ ဆန္ဒပြတာတွေ လုပ်ဆောင်လာပြီး အိန္ဒိယ လူငယ်လူရွယ်တွေရဲ့ ထောက်ခံမှုကိုလည်း ပိုမို ရရှိလာပါတယ်။

ဇူလိုင် ၂၀ ရက်နေ့ကတော့ ပိုးဟပ် လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆန္ဒပြ လူငယ်တွေဟာ ဒေလီမြို့တော်မှာရှိတဲ့ လွှတ်တော် အဆောက်အအုံဆီ ချီတက်ဖို့ စီစဉ်နေချိန်မှာ ရဲတွေက တုတ်တွေနဲ့ရိုက်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး လူစုခွဲတာကို ခံခဲ့ရပါတယ်။ ဆန္ဒပြသူတွေက အဓိကရုဏ်း အခြေအနေတွေကို စတင်ဖန်တီးတာလို့ ရဲတွေက ပြောပေမယ့် ဆန္ဒပြသူတွေနဲ့ မျက်မြင်တွေကတော့ ငြိမ်းချမ်းစွာ စုဝေးနေသူတွေကို ရဲတွေကသာ စတင်တိုက်ခိုက်ခဲ့တာလို့ အခိုင်အမာ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လူပေါင်း ၁၀၀၀၀ ကျော်လောက်ကို ရဲတွေက ရန်ပြု ရိုက်နှက်ခဲ့တဲ့နောက် ချီတက်ဆန္ဒပြပွဲတွေကို ခဏတာ ရပ်ထားမယ်လို့ CJPကို အွန်လိုင်းမှာ ထူထောင်ခဲ့သူ အက်ဘီဂျစ် ဒစ်ပ်ကီက ဇူလိုင် ၂၁ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

သူ့အနေနဲ့ ပိုးဟပ်လှုပ်ရှားမှုကို ထောက်ခံတဲ့ လူငယ်လေးတွေရဲ့ လုံခြုံရေးကို အထူးအလေးပေး စိုးရိမ်တယ်လို့လည်း ဒစ်ပ်ကီက ဆိုပါတယ်။ ရဲတွေက လူငယ်တွေကို နာကျင်ထိခိုက်စေခဲ့တာကြောင့် နောက်ထပ် စုဝေးချီတက်မှုတွေ မလုပ်တော့ဘူးလို့ သူက ဆိုပါတယ်။ ဇူလိုင် ၂၀ ရက်နေ့က ဒေလီမှာ ရဲတွေရဲ့ အင်အားသုံး ဖြိုခွင်းမှုကြောင့် လူငယ်အများစု အပါအဝင် ဆန္ဒပြသူ ၁၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ ချီတက် ဆန္ဒပြပွဲဟာ စာမေးပွဲ စစ်ဆေးမှုတွေအတွင်း မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရက်ဒ်ဟန်း ရာထူးက နုတ်ထွက်ပေးရေး တောင်းဆိုဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက ပရက်ဒ်ဟန်းရဲ့ မူဝါဒတွေက အိန္ဒိယရဲ့ ပညာရေးစနစ်မှာ ဟာကွက်တွေ၊ ယိုပေါက်တွေ ဖြစ်ပေါ်စေခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

မိုဒီဟာ အိန္ဒိယကို စတင်ဦးဆောင်ချိန် ကတည်းက အားကောင်းတဲ့ နိုင်ငံရေးသမား တစ်ဦးအဖြစ် အခိုင်အမာ ရပ်တည်ခဲ့ပေမယ့် ပိုးဟပ် ဂျန်တာ ပါတီ ပေါ်ပေါက်လာခြင်းက သူ့ရဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ အစိုးရအတွက် ရှားပါးပေမယ့် စိုးရိမ်ရမယ့် လူထု စိန်ခေါ်လှုပ်ရှားမှုတစ်ခု ဖြစ်လာကြောင်း နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ထားပါတယ်။

ကိုးကား: Al Jazeera, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့နောက် အိန္ဒိယ အတိုက်အခံ ခေါင်းဆောင် ရာဟူလ်ဂန္ဒီကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ဆောက်လုပ်ဆဲ ရေအားလျှပ်စစ် စီမံကိန်း နေရာတစ်ခုမှာ မြေအောက် ဥမင်ပြိုကျမှု ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ဒေသခံတွေရဲ့လုံခြုံရေးအန္တရာယ် တော်လှန်ရေးတပ်တွေ သတိပေး

Facebook