သတင်း စစ်ကျွန်ပညာရေးတွင် ပါဝင်ခြင်းမရှိသော ကျောင်းသားများနှင့် ကျောင်းသားမိဘများကို ကျေးဇူးတင်ကြောင်း ပညာရေးအင်အားစုများထုတ်ပြန် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်စစ်တပ်အာဏာသိမ်းချိန်တွင် CDM ပြုလုပ်ခဲ့ကြသောပညာရေးဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ၏ အင်ပြည့်အားပြည့်ပါဝင်မှုကြောင့် စစ်ကောင်စီ ၏အရှိုက်ကိုထိုးနှက်သကဲ့သို့ ရှိခဲ့ကြောင်းထောက်ပြသည်။ LuduNwayOoမေ 28, 2022
သတင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ် ဖားကန့်မြို့တွင် မေလ ၂၃ ရက်က ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ပြီးနောက် စစ်ကောင်စီဘက်က ယခုကဲ့သို့ တပ်အချိန်းအပြောင်းပြုလုပ်လာခြင်းဟု ဒေသခံများက သုံးသပ်ကြသည်။ LuduNwayOoမေ 28, 2022
သတင်း ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ သဘောတူညီချက်မရသဖြင့် ကြေညာချက်မထုတ်ပြန်နိုင် တရုတ်သံတမန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကလည်း သဘောတူညီချက်ရရှိရန် အနည်းငယ်ကွဲပြားမှုသာရှိခဲ့ပြီး အဆိုပါကွဲပြားမှုသည် ထုတ်ပြန်ချက်မပေါ်ထွက်နိုင်သည့် အခြေအနေမဟုတ် ကြောင်း တုံ့ပြန်သည်။ LuduNwayOoမေ 28, 2022
သတင်း မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးရမ်းကားနေသည့် စစ်အုပ်စုကို မဟာမိတ်အဖွဲ့များက ကိုယ်တိုင်ထုတ် လက်နက်ကြီးများဖြင့်တိုက်ခိုက် စစ်ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။ LuduNwayOoမေ 28, 2022
သတင်း ယောဒေသ၌ မြေပြင်ထိန်းချုပ်နိုင်မှုနည်းလာသည့် စစ်ကောင်စီတပ် လေကြောင်းထိုးစစ် ပိုလုပ်လာ၍ ပြည်သူနှင့်တော်လှန်ရေးအဖွဲ့များ ပိုသတိထားရန် YRPA သတိပေး ယောဒေသအတွင်းရှိ လောင်းရှည် PDF၊ ကျောက်ထု PDF၊ ထီးလင်း PDF၊ ယောဒေသ PDF၊ ဂန့်ဂေါPDFနှင့် ဆော PDF တို့ ပူးပေါင်းပြီး YRPAကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ LuduNwayOoမေ 28, 2022