Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးရမ်းကားနေသည့် စစ်အုပ်စုကို မဟာမိတ်အဖွဲ့များက ကိုယ်တိုင်ထုတ် လက်နက်ကြီးများဖြင့်တိုက်ခိုက်

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

မဟာမိတ်အဖွဲ့ ကိုယ်တိုင်ထုတ် လက်နက်ကြီး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးရမ်းကားနေသည့် အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ပျူစောထီးများအား ကိုယ်တိုင်ထုတ် လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း 27 Revolution Forceက အသိ​ပေးထုတ်ပြန်သည်။

မြင်းခြံမြို့နယ်အခြေစိုက် 27 Revolution Forceအဖွဲ့က မကွေးတိုင်း၊ မြိုင်မြို့နယ်အထိသွားရောက်ကာ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူအကြမ်းဖက်စစ်​ကောင်စီတပ်အား သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၂၄ ရက်က မြိုင်မြို့နယ်၊ ဝက်သုံးအိုင်ရွာမှ ဒေါင်အိုကြီးကျေးရွာသို့ စစ်ကြောင်းထိုး၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စစ်​ကောင်စီတပ်နှင့် ပျူစောထီးများအား Urban ကျားကြီးဟု အမည်ပေးထားသော လက်နက်ကြီးဖြင့် ၁၀ချက်ခန့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သ​ည်ဟု 27 Revolution Forceက ပြောသည်။

စစ်​ကောင်စီတပ်နှင့်ပျူစောထီးများမှ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ငြိမ်သက်သွားသည်ဟုဆိုပြီး အကြမ်းဖက်စစ်တပ်နှင့်ပျူစောထီးများဘက်မှ ဒဏ်ရာရသေဆုံးစာရင်းအား စုံစမ်းနေဆဲဖြစ်ကြောင်း 27 Revolution Forceက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအား မဟာမိတ်အဖွဲ့များဖြစ်သော မြင်းခြံခရိုင်၊ တပ်ရင်း အမှတ် ၁၊ 27 Revolution Force၊ Yesagyo Revolution Group(YRG)၊ Urban Underground Revolution Force(UURF)၊ King Cobra တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု အသိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ 27 Revolution Forceအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

မေလ ၂၅ ရက်​ နံနက်ပိုင်းကလည်း မြောင်မြို့နယ်၊ လှေတင်ဦးရွာနှင့် ကူးတို့ကုန်းရွာကြားသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် အီနာဂါဗုံးသီး နှစ်လုံးကြဲကာ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။