Connect with us

Hi, what are you looking for?

သတင်း

ယောဒေသ၌ မြေပြင်ထိန်းချုပ်နိုင်မှုနည်းလာသည့် စစ်ကောင်စီတပ် လေကြောင်းထိုးစစ် ပိုလုပ်လာ၍ ပြည်သူနှင့်တော်လှန်ရေးအဖွဲ့များ ပိုသတိထားရန် YRPA သတိပေး

ယောဒေသအတွင်းရှိ လောင်းရှည် PDF၊ ကျောက်ထု PDF၊ ထီးလင်း PDF၊ ယောဒေသ PDF၊ ဂန့်ဂေါPDFနှင့် ဆော PDF တို့ ပူးပေါင်းပြီး YRPAကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

(YRPA၏ (၅)ကြိမ်​မြောက်အစည်းအ​ဝေးကို ​မေလ၁၆ ရက်က ပြုလုပ်​နေစဥ်)

▪️မြစ်သာဆည်တစ်ဝိုက် ရဟတ်ယာဉ် ၅စီးဖြင့်တိုက်ခိုက်၍ PDFနှင့်ရွာသား ၇ဦးကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ဖော်ပြ

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယောဒေသတွင် မြေပြင် ထိန်းချုပ်နိုင်မှု အလွန်နည်းပါးလာသောကြောင့် လေကြောင်း ထိုးစစ်ဆင်မှုများ ပိုမိုပြုလုပ်လာ၍ ပြည်သူများ ၊ တော်လှန်ရေးအဖွဲ့အစည်းများ အနေဖြင့် စစ်ရေးသတိ လေကြောင်းရန်သတိများ ပိုမိုသတိပြုရန် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA) က သတိပေးသည်။

မေလ ၂၆ရက် က အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၅စီးဖြင့် မြစ်သာဆည်ဘောင်တစ်လျှောက်ရှိ ရွာများနှင့် PDF တပ်စခန်းများသို့ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၍ PDF တပ်သားနှင့် ရွသားများ ၇ဦးကျဆုံးခဲ့ရသည့်အပေါ် ဝမ်းနည်းကြောင်း ကြေညာရာ၌ အထပ်ပါအတိုင်းသတိပေးခဲ့သည်။ကျဆုံး ရွာသားများနှင့် PDFများ၏ အရေအတွက်ကို စိစစ်နေဆဲ ဖြစ်သည်ဟုလည်း ဖော်ပြသည်။

(YRPA၏ (၅)ကြိမ်​မြောက်အစည်းအ​ဝေးကို ​မေလ၁၆ ရက်က ပြုလုပ်​နေစဥ်)

အဆိုပါ ဖြစ်စဉ်တွင် လက်နက်ခဲယမ်းပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ တော်လှန်ရေးအတွက် အသက်ကို စွန့်လွှတ်ခဲ့သော ရဲဘော်များအားလုံးကို YRPA တပ်ဖွဲ့ဝင်များအားလုံးက အလေးပြုကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

YRPA အနေဖြင့်လည်း ယင်းဖြစ်စဉ်အတွက် မိတ်ဖက်အဖွဲ့များနှင့်ပေါင်းပြီး စစ်ကောင်စီတပ်ကို ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟုလည်း ကြေညာခဲ့သည်။

ယောဒေသအတွင်းရှိ လောင်းရှည် PDF၊ ကျောက်ထု PDF၊ ထီးလင်း PDF၊ ယောဒေသ PDF၊ ဂန့်ဂေါPDFနှင့် ဆော PDF တို့ ပူးပေါင်းပြီး YRPAကို စုဖွဲ့ကာ စစ်ကောင်စီတပ်ကို ပိုမိုထိရောက်စွာ တော်လှန်တိုက်ခိုက်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။