Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲ သဘောတူညီချက်မရသဖြင့် ကြေညာချက်မထုတ်ပြန်နိုင်

တရုတ်သံတမန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကလည်း သဘောတူညီချက်ရရှိရန် အနည်းငယ်ကွဲပြားမှုသာရှိခဲ့ပြီး အဆိုပါကွဲပြားမှုသည် ထုတ်ပြန်ချက်မပေါ်ထွက်နိုင်သည့် အခြေအနေမဟုတ် ကြောင်း တုံ့ပြန်သည်။

Ref: AFP (ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြန်မာ့အရေးနှင့်ပတ်သက်၍ တံခါးပိတ်ဆွေးနွေးပွဲကို ယမန်နေ့(မေ ၂၇ ရက်)တွင်ပြုလုပ်ခဲ့သော်လည်း ကြေညာချက်မထုတ်ပြန်နိုင်ခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

နိုင်ငံ၏ လက်ရှိဖြစ်ပွားနေဆဲ အကျပ်အတည်းကို ငြိမ်းချမ်းစွာအဖြေရှာရေးအတွက် စစ်ကောင်စီ လုပ်ဆောင်ရမည့်အစီအစဉ်များကို တွန်အားပေးရန် ရည်ရွယ်သောကြေညာချက်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအကြားသဘောတူညီချက်မရသဖြင့် မထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးကြေညာ ချက်ထွက်ပေါ်မလာခြင်းနှင့်ပတ်သက်၍ မူကြမ်းရေးဆွဲသော ဗြိတိန်နှင့် တရုတ်တို့အကြား အပြန်အလှန်အပြစ်တင်နေကြသည်။

ဗြိတိန်က တရုတ်သည် ညှိနှိုင်းဆွေးနွေးမှုများ ပြိုလဲစေရန် အလွန်အကြူးတောင်းဆိုခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တရုတ်သံတမန်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကလည်း သဘောတူညီချက်ရရှိရန် အနည်းငယ်ကွဲပြားမှုသာရှိခဲ့ပြီး အဆိုပါကွဲပြားမှုသည် ထုတ်ပြန်ချက်မပေါ်ထွက်နိုင်သည့် အခြေအနေမဟုတ် ကြောင်း တုံ့ပြန်သည်။

ဗြိတိန်၏ အဆိုပြုစာသားသည် လွန်ခဲ့သောတစ်နှစ်ကျော်က အာဆီယံချမှတ်ခဲ့သည့် ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို စစ်ကောင်စီ၏ အကောင်အထည်ဖော်မှုမှာ အကန့်အသတ်ဖြင့်တိုးတက်မှုအပေါ် လုံခြုံရေးကောင်စီအနေဖြင့် လွန်စွာစိုးရိမ်ကြောင်းနှင့် ဘုံဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။

သို့သော် တရုတ်က အကန့်အသတ်ဟူသော စကားရပ်အစား နှေးကွေးသော အသုံးအနှုန်းကို ပြောင်းလဲရန် အဆိုပြုခဲ့သည်။

“ကျွန်တော်တို့အသုံးအနှုန်းက အမှန်ပါပဲ။ အထက်စီးယူထားတာ မရှိပါဘူး” ဟု တရုတ်သံအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သဘောတူညီချက်မရခဲ့ခြင်းကသာ အမှန်အရှက်ရဖွယ်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

AFP က မြင်တွေ့ခဲ့ရသော အခြားစာသားများမှာ မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာအခက်အခဲများအပေါ် လုံခြုံရေးကောင်စီ၏ စိုးရိမ်မှုကို ထင်ဟပ်သည်ဟု ဆိုသည်။

အထက်ပါလုံခြုံရေးကောင်စီ၏တံခါးပိတ်အစည်းအဝေးကို အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်တို့လည်း တက်ရောက်ခဲ့ပြီး နောက်ဆုံးအခြေအနေများကို ကောင်စီသို့ တင်ပြခဲ့သည်။

၂၀၂၁ အောက်တိုဘာတွင် ကုလအထူးကိုယ်စားလှယ်တာဝန်စတင်ထမ်းဆောင်ခဲ့သော နိုလင်းဟေဇာသည် ၇ လကျော်အတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့လာရောက်ရန် စစ်ကောင်စီက အကြမ်းဖျဉ်းသဘောတူထားသော်လည်း ရက်မည်မျှ နေထိုင်ခွင့်ပေးမည်နှင့် မည်သူတို့နှင့်တွေ့ ဆုံခွင့်ပေးမည်ဆိုသည်ကို မသိရှိရသေးကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောသည်။

မြန်မာစစ်တပ်သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၁,၈၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့က မှတ်တမ်းတင်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

မတရားစစ်အာဏာသိမ်းခံထားရတဲ့ ၅ နှစ်တာကာလ မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်အသွင်ကူးပြောင်းနိုင်ရေး မြန်မာ့အရေးကြားနာပွဲကို ဒီကနေ့ (မတ်လ ၂) မှာ ဂျပန်အထက်လွှတ်တော်အမတ်များရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

သတင်း

သံအမတ်ကြီးဦးကျော်မိုးထွန်းအားထောက်ခံပွဲကို အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် တောင်ကိုရီးယားရောက် မြန်မာများ ပြုလုပ်