News ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာသောရဲနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးဒဏ်ရာဖြင့်ထွက်ပြေး ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့်အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။ LuduNwayOoမေ 21, 2022
News ဖားကန့် ရဲတပ်ရင်း(၃၀)မှ ဒုရဲအုပ်နှင့် ရဲတပ်သားကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို ဖားကန့်တွင် ယခင်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) လှုပ်ရှားနေရာမှ စစ်တပ်အာဏာသိမ်းပြီးနောက် KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသည်။ သို့သော် ရဲနှစ်ဦးအား ဖမ်းဆီးသွားသည့်အဖွဲ့ကို မသိဟု ဒေသခံများက ပြော သည်။ LuduNwayOoမေ 21, 2022
News ကရင်နီပြည်တွင် တပ်မ(၆၆)လက်အောက်ခံတပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။ LuduNwayOoမေ 21, 2022
News နိုင်ငံတစ်ဝန်း နေရာအများစုတွင် ဓါတ်ဆီပြတ်လပ်ပြီးဝယ်မရဖြစ်နေ ရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် အချိန်ပေးတန်းစီနေရခြင်းကြောင့် အငှားယာဉ်မောင်းများသည် မှောင်ခိုရောင်းသည့် ဆီဆိုင်များကို ချိတ်ဆက်ဝယ်ယူနေရသည်ဟု အငှားယာဉ်တစ်ဦးကပြောသည်။ LuduNwayOoမေ 21, 2022
News ယောဒေသ PDF တပ်ပေါင်းစု၏ ပထမဆုံးပူးပေါင်း စစ်ဆင်ရေးစစ်ကောင်စီတပ်မှ ၅ဦးသေ၊ PDF တစ်ဦး ဒဏ်ရာရ နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။ LuduNwayOoမေ 21, 2022