Connect with us

Hi, what are you looking for?

News

ကရင်နီပြည်တွင် တပ်မ(၆၆)လက်​အောက်ခံတပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးလက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံတပ်သား အရာရှိ၊ အရာခံများအ​နေဖြင့် ပြည်သူနှင့်ပူးပေါင်းပေးပါရန် ကရင်နီပြည်သူ့ရင်ခွင်က မေတ္တာရပ်ခံသည်။

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။

ထို့​ကြောင့် တပ်သားသက်စိုးပိုင်ကို ကျပ်သိန်း ၂၀ ချီးမြှင့်လိုက်ကြောင်းနှင့် “ကရင်နီပြည်အတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီ လက်အောက်ခံ တပ်သားအရာရှိ ၊အရာခံများ CDM ပြုလုပ်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်ပါသည်”ဟု ကရင်နီပြည်သူ့ရင်ခွင်က မေတ္တာ ရပ်ခံထားသည်။

ကရင်နီပြည်သူ့ရင်ခွင်သည် CDM ပြုလုပ်လာသည့်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို လက်ခံစောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်သူ့ရင်ခွင်သို့ ချိတ်ဆက်ကာ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် လေ​ကြောင်းဆေးပညာ ဌာနမှ ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် ၎င်း၏ချစ်သူမိန်းကလေးနှင့် လက်ထပ်လိုသည့်အတွက် မေလ၁၂ရက်တွင် ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် မဂ်လာပွဲကျင်းပခဲ့သည်။

ယင်းမဂ်လာပွဲကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)အပါအဝင် ကရင်နီပြည်သူ့ရဲဘော်များဝိုင်းဝန်းအကောင်အထည်ဖော်ပေးခဲ့ကြသည်။

CDM ပြုလုပ်ပြီး ပြည်သူနှင့် ပူးပေါင်းလိုသူများကို နွေးထွေးစွာ အမြဲကြိုဆိုနေမည်ဖြစ်ပြီး ၀၉-၇၇၇၂၄၆၇၉၀ သို့ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။