Connect with us

Hi, what are you looking for?

LuduNwayOo

News

ကရင်နီပြည်တွင် တပ်မ(၆၆)လက်​အောက်ခံတပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ဖြင့် အလင်းဝင်လာ

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားတစ်ဦးလက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်လာခဲ့ပြီး စစ်ကောင်စီ လက်အောက်ခံတပ်သား အရာရှိ၊ အရာခံများအ​နေဖြင့် ပြည်သူနှင့်ပူးပေါင်းပေးပါရန် ကရင်နီပြည်သူ့ရင်ခွင်က မေတ္တာရပ်ခံသည်။

တပ်မ(၆၆)လက်အောက်ခံ တပ်ရင်းတစ်ခုမှ တပ်သားသက်စိုးပိုင်( ကိုယ်ပိုင်အမှတ် ၅၇၂၈၃၄)သည် လက်နက်အပြည့်အစုံဖြင့် CDM ပြုလုပ်ခဲ့ခြင်းဟု ကရင်နီပြည်သူ့ရင်ခွင်က ယနေ့(မေ ၂၁ရက်) သတင်းထုတ်ပြန်ထားသည်။

ထို့​ကြောင့် တပ်သားသက်စိုးပိုင်ကို ကျပ်သိန်း ၂၀ ချီးမြှင့်လိုက်ကြောင်းနှင့် “ကရင်နီပြည်အတွင်း ထိုးစစ်ဆင်လာသော စစ်ကောင်စီ လက်အောက်ခံ တပ်သားအရာရှိ ၊အရာခံများ CDM ပြုလုပ်ပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်ပါသည်”ဟု ကရင်နီပြည်သူ့ရင်ခွင်က မေတ္တာ ရပ်ခံထားသည်။

ကရင်နီပြည်သူ့ရင်ခွင်သည် CDM ပြုလုပ်လာသည့်စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို လက်ခံစောင့်ရှောက်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်သူ့ရင်ခွင်သို့ ချိတ်ဆက်ကာ CDM ပြုလုပ်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် လေ​ကြောင်းဆေးပညာ ဌာနမှ ဒုတပ်ကြပ် မြင့်မြတ်သူရအောင်သည် ၎င်း၏ချစ်သူမိန်းကလေးနှင့် လက်ထပ်လိုသည့်အတွက် မေလ၁၂ရက်တွင် ကရင်နီပြည်နယ် ရှေ့တန်းတစ်နေရာတွင် မဂ်လာပွဲကျင်းပခဲ့သည်။

ယင်းမဂ်လာပွဲကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)အပါအဝင် ကရင်နီပြည်သူ့ရဲဘော်များဝိုင်းဝန်းအကောင်အထည်ဖော်ပေးခဲ့ကြသည်။

CDM ပြုလုပ်ပြီး ပြည်သူနှင့် ပူးပေါင်းလိုသူများကို နွေးထွေးစွာ အမြဲကြိုဆိုနေမည်ဖြစ်ပြီး ၀၉-၇၇၇၂၄၆၇၉၀ သို့ဆက်သွယ်ဝင်ရောက်နိုင်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

မြဝတီမြို့နယ်အတွင်း ကျန်နေသည့် ခမရ(၃၅၇)၊ ခမရ (၂၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်း တို့ကို ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ ယနေ့တွင် ခမရ (၃၇၅)နှင့် သင်္ဃန်းညီနောင်ဗျူဟာစခန်းကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခုခံတိုက်ခိုက်မှုများကြားမှ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်း၊ ရန်သူ့အလောင်းများနှင့်အတူ လက်နက်ချအညံ့ခံသောရန်သူအချို့ကို လက်ရဖမ်းဆီး မိခဲ့သည်ဟု AAက ထုတ်ပြန်သည်။