Connect with us

Hi, what are you looking for?

News

ယောဒေသ PDF တပ်ပေါင်းစု၏ ပထမဆုံးပူးပေါင်း စစ်ဆင်ရေးစစ်ကောင်စီတပ်မှ ၅ဦးသေ၊ PDF တစ်ဦး ဒဏ်ရာရ

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

(ပူး​ပေါင်းစစ်ဆင်​ရေးအတွက် တာဝန်ရှိသူများ​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ-YRPA)

ယောဒေသက ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)၏ ပထမဆုံး ပူးပေါင်းစစ်ဆင်ရေးကိုယမန်နေ့က ထီးလင်းမြို့နယ် ရေမျက်နီရွာနီးတွင် စတင်ခဲ့ရာတိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီတပ်မှ ၅ဦးသေဆုံးခဲ့သည်ဟု YRPAက သတင်းထုတ်ပြန်သည်။

စစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာ တိုက်ခိုက်တွန်းလှန်နိုင်ရန် ရည်ရွယ်ပြီး လောင်းရှည် PDF၊ ကျောက်ထု PDF ၊ ထီးလင်း PDF၊ ယောဒေသ PDFနှင့် ဂန့်ဂေါ PDF တို့ ပူးပေါင်းကာ YRPAကို ဧပြီလအတွင်းက ဖွဲ့စည်းခဲ့ရာ ပထမဆုံးပူးပေါင်း စစ်ဆင်ရေးမှာ မေလ ၂၀ရက်က ထီးလင်း မြို့နယ် ရေမျက်နီရွာအနီး တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ပူး​ပေါင်းစစ်ဆင်​ရေးအတွက် တာဝန်ရှိသူများ​ဆွေး​နွေး​နေကြစဥ်။ ဓါတ်ပုံ-YRPA)

အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်များနှင့် ၁နာရီခွဲကြာ လက်နက်ကြီး လက်နက်ငယ် များ အပြန်အလှန်ပစ်ခတ်ခဲ့ရာ PDF ပူးပေါင်းတပ်၏ စနိုက်ပါလက်ချက်ကြောင့် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခြင်းအပါအဝင် ရန်သူ့စစ်ကောင်စီတပ်သား ၅ဦး သေဆုံးခဲ့သည်ဟု YRPAက ထုတ်ပြန်သည်။ ထို့ပြင် စစ်ကောင်စီတပ်သား အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း ဖော်ပြထားသည်။ တိုက်ပွဲတွင် ​သေဆုံးဒဏ်ရာရ အ​​ခြေအ​နေနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

Public Service Announcement

တိုက်ပွဲအတွင်း အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်များကို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်ဆုံးရှုံးပိုများနိုင်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

နပတ DRONE တပ်ရင်းမှလည်း YRPA နှင့်အတူ ပူးပေါင်း ပါဝင် တိုက်ခိုက်ခဲ့ခြင်း၊ PDF တပ်ပေါင်းစုမှ နယ်မြေကျွမ်းကျင်ခြင်းနှင့် ပြောက်ကျားစစ်၏ သဘောသဘာ၀အရ ရဲဘော် ၁ ဦးသာ လက်နက်ကြီး ထိမှန်ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။