Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာ​သောရဲနှစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီးဒဏ်ရာဖြင့်ထွက်​ပြေး

ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့်အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။

ကျန်​နေခဲ့​သော လက်ထိပ်

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီ၏ ရဲနှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအများအပြားဖြင့် ထွက်ပြေးသွားပြီးနောက် တစ်ဦးသေဆုံးကြောင်း ဝမ်းတွင်းမြို့နယ်၊တော်လှန်ရေးအင်
အားစု WTRF က ပြောသည်။

ယနေ့ (မေလ ၂၁ ရက်နေ့) မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအနောက်ဖက် ၁၀မိုင်၊ အမြန်လမ်းအရှေ့ဖက် ၇မိုင်အကွာရှိ ကုလားရွာသို့ ရဲနှစ်ဦး ဆိုင်ကယ်တစ်စီးစီ​ဖြင့် ကင်းလှည့်လာစဉ် တိုက်ခိုက်ခဲ့ခြင်း​ဖြစ်ကြောင်း WTRF က ပြောသည်။

ကျန်​နေခဲ့​သော ဆိုင်ကယ်

ရဲနှစ်ဦးမှာ တစ်ဦး(၂)ချက်၊ နောက်တစ်ဦး(၄)ချက်ထိပြီး ဒဏ်ရာရနှစ်ဦးလုံး ဆိုင်ကယ်တစ်စီးထဲစီးကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဆိုင်ကယ်(၁)စီး၊ လက်ထိပ်တစ်စုံနှင့်အခြားစာရွက်စာတမ်းအချို့ သိမ်းဆည်းရမိကြောင်း WTRF တာဝန်ရှိသူက ပြောသည်။

“ဝမ်းတွင်းမြို့နယ် ကုလားရွာကျေးရွာ ကို လာတဲ့ ရဲ​​ွေး၂ကောင်ကို လမ်းက ဖြတ်တိုက်တာပါ။ ဆိုင်ကယ်တစ်ယောက်တစ်စီး လာတာ ဒဏ်ရာတွေနဲ့ အော်ပြီး ၂ယောက်တစ်စီး မောင်းပြေးသွားတာ။ အသက်ငင်နေပါပြီ။ ပင်းတလဲ ရဲစခန်းဝမ်းတွင်းရဲစခန်းနဲ့ သိပ်မဝေးလို့ လုံခြုံရေးအရ ဆုတ်ခဲ့ရတယ်။ ထပ်မံသိရတာက တစ်ဦးသေဆုံးပါတယ်” ဟု WTRF တာဝန်ရှိသူက People’s Spring သို့ပြောသည်။

Public Service Announcement

Public Service Announcement

ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု WTRF သည် မေလ ၁၂ ရက်နေ့ကလည်း မန္တလေးတိုင်း ဝမ်းတွင်းမြို့အထွက် သဲတောရွာအနီးတွင် စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

ဆောင်းပါး

ရဲတပ်သားဟာဘုရားရှိခိုးအပြီး စေတီအနီးမှာ တစ်ဦးတည်း ထိုင်နေတုန်း အသက် ၅၀ ကျော်နဲ့ ၄၀ ဝန်းကျင် ယောကျာ်းကြီး ၃ ဦး ရောက်လာတယ်။ ရဲတပ်သားလေးကို ခပ်မာမာနဲ့ "ငါတို့နဲ့ လိုက်ခဲ့"လို့ ခေါ်တယ်။ ရဲတပ်သားလည်း သူကိုယ်တိုင်က လွှတ်တော်ကို လုံခြုံရေးတာဝန်ယူထားရသူ။ ပြီးတော့ သူများတွေကိုသာ...