သတင်း ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်းအပါအဝင်ရှစ်ဦးကိုထောင်ဒဏ် ၃၇ နှစ်စီချ မန္တလေးမြို့ကရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ(ဟောင်း) ဖြစ်သူကိုထက်မြတ်အောင်အပါအဝင်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်တွေမှာပါဝင်သူရှစ်ဦး ထောင်ဒဏ် ၃၇ နှစ်ချခံလိုက်ရတယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂတော်လှန်ရေးဦးဆောင်ကော်မတီက ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း စစ်သားတွေနဲ့စစ်ကားတွေကို FPVဒရုန်းဖြင့်တိုက်ခိုက်တဲ့ရုပ်သံPDFထပ်မံထုတ်ပြန် အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။ ludunwayooဇူလိုင် 29, 2026
သတင်း BGFအမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကိုထိုင်းက ဖမ်းဝရမ်းထုတ် ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။ ludunwayooဇူလိုင် 29, 2026
နိုင်ငံတကာ ထိုင်းမှာ ကွင်းဆက် ဖောက်ထွင်းမှုတွေ ကျူးလွန်ခဲ့တဲ့ တရုတ်နှစ်ဦး ထိုင်းကို ပြန်လာချိန်မှာ အဖမ်းခံရ ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ludunwayooဇူလိုင် 29, 2026
နိုင်ငံတကာ ယူကရိန်း ဒရုန်းတွေမှာ တပ်ဆင်နိုင်တဲ့ jammer နည်းပညာ မူပိုင်ခွင့်ကို ဗြိတိန် လွှဲပြောင်းပေး ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။ ludunwayooဇူလိုင် 29, 2026