သတင်း
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာကို စစ်အင်အားဖြည့်တဲ့ အာဏာသိမ်းစစ်တပ် က ဒေသတွင်း ကျေးရွာတခုဖြစ်တဲ့ လယ်သယ်ရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။