Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ကြေးရုပ်များကိုအာဇာနည်နေ့မတိုင်ခင်ဖြိုချဖျက်ဆီးပြီး ​မြေမြုပ်ရန်စစ်တပ်ညွှန်ကြားထားဟုဆို

စစ်အုပ်စုက ယတြာ​ချေတာဟုစစ်​ကောင်စီဝန်ထမ်းအချို့​ပြော

( ​စစ်ကိုင်းတိုင်း ၊ရေဦးမြို့မှာ ဗိုလ်ချုပ်​ကြေးရုပ်ထုဖွင့်ပွဲ ကျင်းပခဲ့စဥ် ။စစ်အုပ်စုက ​ရေဦးမြို့က ဗိုလ်ချုပ်​ကြေးရုပ်တုကိုဇွန်၂၇ ရက်ညမှာဖျက်ဆီးခဲ့ပါတယ် ။ ဓါတ်ပုံ-အမ်တီ )

ဇူလိုင်-၅၊၂၀၂၆။People’s Spring

ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထုတွေကို အာဇာနည်နေ့မတိုင်ခင်ဖြိုချဖို့ အာဏာသိမ်းစစ်တပ်ကညွှန်ကြားထားတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး​တွေထံကနေ စုံစမ်းသိရပါတယ်။

အခုလပိုင်းအတွင်းမှာ ဗိုလ်ချုပ်ကြေးရုပ်တွေကို စစ်တပ်က အင်အားသုံးပြီးလိုက်လံဖြိုချဖျက်ဆီးနေတာဖြစ်ပါတယ်။ဖြိုချ ဖျက်ဆီးတဲ့အပြင် ​မြေမြှက်ဖို့ပါ စစ်တပ်က ခိုင်းထားတယ်လို့ စစ်​ကောင်စီ ဝန်ထမ်းအချို့က​ပြောပါတယ်။

“အာဇာနည်နေ့မတိုင်ခင် အကုန်ဖြိုခိုင်းတာ။ ပြီးရင်အဲဒီအရုပ်တွေကို မြေမြှုပ်ခိုင်းတယ်။ ဘာအတွက်လဲမေးတော့ အထက်ကခိုင်းတာလို့ပြောတယ်။ အဓိကယတြာချေတာလို့ ပြန်သိရတယ်။ ကိုယ်တွေလည်းဒီကိစ္စနဲ့ ခေါင်းစားနေရတယ်” လို့ အမည်မဖော်လိုတဲ့ စစ်​ကောင်စီဝန်ထမ်းတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်​တွေဟာ အစဥ်အဆက် ​ဗေဒင်ယတြာကိုယုံကြည်ခဲ့ကြသူ​တွေဖြစ်ပြီး ၊အာဏာသိမ်း​ခေါင်း​ဆောင်ဟာလည်း ​​​ဗေဒင်ယတြာကို ယုံကြည်သူဖြစ်ပါတယ်။ မင်း​အောင်လှိုင်အတွက် ​အခါ​ပေး ​ဗေဒင် ယတြာဆရာများစွာရှိတဲ့အထဲ ဝစီပိတ်ကိုယ်​တော်ကလူသိများပါတယ် ။

​တောင်ငူ ၊ပဲခူး ၊​​ရေဦး ၊တောင်ဥက္ကလာပ၊ သာကေတ ၊ကျုံ​ပျော် စတဲ့ မြို့​တွေကဗိုလ်ချုပ်ကြေးရုပ်​တွေကို လည်း စစ်တပ်နဲ့ စည်ပင်က ဖြိုချဖျက်ဆီးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

​ဗိုလ်ချုပ်ကြေးရုပ်တွေကို ​ရွေး​ကောက်ခံအရပ်သားအစိုးရဖြစ်တဲ့ NLD အစိုးရ လက်ထက်က သက်ဆိုင်ရာမြို့နယ်ကျေးရွာတွေမှာ ​ပြည်သူ​တွေရဲ့ ​မတည်ငွေတွေနဲ့ စိုက်ထူ ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။

ယခုအခါမှာတော့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် နဲ့ စစ်အုပ်စုက အာဏာတည်မြဲဖို့ ဗေဒင် ၊ယတြာ ဆရာ​တွေရဲ အကြံ​ပေးချက်​တွေနဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေကို လိုက်လံဖျက်ဆီးနေတာဖြစ်တယ်လို့အထက်ပါသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မတိုင်ခင်NLD ပါတီရုံးချုပ်မှာရှိတဲ့ပါတီအလံနဲ့လဆိုင်းဘုတ်ဖြုတ်ချခံရသလို ခြံအမှတ် (၅၄) နေအိမ်ခြံဝန်းအရှေ့မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို စစ်တပ်က ဖယ်ရှားဖျက်ဆီးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။