Connect with us

Hi, what are you looking for?

သတင်း

ကုက္ကိုစုပျူရွာမှာ စစ်တပ်က​တော်လှန်​ရေးရဲဘော်၂ ဦးအပါအဝင် ၉ ဦးကိုသတ်ဖြတ်ခဲ့​ကြောင်း စစ်​ဆေး​ပေါ်​ပေါက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

(ကုက္ကိုစုပျူ​စောထီးရွာမှ ပျူ​စောထီးနဲ့ ရဲ​တွေကို ​တော်လှန်​ရေး​တပ်​တွေကဖမ်းဆီးခဲ့စဥ်။ ဓါတ်ပုံ-File)

ဇူလိုင်-၅၊၂၀၂၆။ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

ကုက္ကိုစုပျူ​စောထီးရွာကို ​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ပြီးရဲ​တွေ ၊ပျူ​တွေ ကိုထိန်းသိမ်းထားစဥ်မှာ စစ်တပ်ကကျူးလွန်ခဲ့တာ​တွေကို စစ်​ဆေး​ပေါ်​​ပေါက်ပြီး​​နောက်မ​ကွေးတိုင်းပကဖ ကထုတ်ပြန်တာဖြစ်ပါတယ်။

ကုက္ကိုစု ပျူစောထီးကျေးရွာတွင်းမှာ အနီးကျေးရွာများမှ ပြည်သူ ၁၃ ဦး၊ ပကဖ ရဲဘော် ၂ ဦးနဲ့ ရဲဘော် သို့မဟုတ် ပြည်သူ အတည်မပြုနိုင်သေးသူ ၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်လာခဲ့ပြီး ၉ ဦးကို နှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ဒီကနေ့ ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူတွေထဲ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးပါရှိကြောင်း တွေ့ရှိထားပြီး ပေါက်ပကဖရဲ့ ရဲဘော် ၂ဦးကိုတော့ နှိပ်စက်သတ်ဖြတ်ခဲ့တာကို ဖော်ထုတ်တွေ့ရှိခဲ့ရတယ်လို့ မကွေးတိုင်းပကဖကထုတ်ပြန်ပါတယ်။

ကျန်ပြည်သူ ၇ ဦးထဲက ၆ ဦးကို ၎င်းတို့ကျေးရွာတွေက အာမခံပေးသူရှိလို့ ရိုက်နှက်နှိပ်စက်ပြီး ပြန်လည်လွှတ်ပေးကာ ၂ ဦးကို ကျွန်သဖွယ် ခိုင်းစေထားကြောင်း သိရပါတယ်။

ပခုက္ကူခရိုင် ပကဖရဲ့ စစ်ဆင်ရေးအတွင်း ရေပြာရဲစခန်းနဲ့ ကုက္ကိုစု ကျေးရွာကို သိမ်းပိုက်ရရှိခဲ့ပြီး အလင်းဝင်ပူးပေါင်းလာတဲ့ ရဲ ၆ ဦး၊ လက်နက်ချ အညံ့ခံတဲ့ သုံ့ပန်းတွေ၊ ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေနဲ့ ကျေးရွာတွင်းနေ ကုက္ကိုစုကျေးရွာ နေထိုင်သူတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ၊ အခြေခံလူ့အခွင့်အရေးနဲ့ စစ်သုံ့ပန်း ဥပဒေတွေနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ မကွေးတိုင်းပကဖက အသိ​ပေးပါတယ်။

စစ်တပ်ဟာ ရဲ ၊ပျူ​စောထီး​တွေ ဖမ်းဆီးခံထားရ​ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး စစ်ကြောင်းတွေလည်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်မှာ တော်လှန်ရေးတပ်တွေက ပေါက်မြို့နယ်အရှေ့ခြမ်းက ရေပြာရဲစခန်းကို ကနဦးသိမ်းပိုက်ခဲ့ပြီးနောက် (၂)မိုင်ခန့်အကွာက ကုက္ကိုလ်စုရွာကို ထပ်မံထိုးစစ်ဆင်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဇွန် ၅ ရက်မှာလည်းကုက္ကိုလ်စုရွာတိုက်ပွဲက ထွက်ပြေးသွားတဲ့ ပျူ ၇၀ကျော်ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။