Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းက စတိုးဆိုင် မီးလောင်မှု နှစ်ဦးသေဆုံး

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က စတိုးဆိုင်မီးလောင်မှုမှာ အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်း နဲ့ ဒေသခံတွေကပြောပါတယ်။

(မီး​လောင်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်း)

ဖေဖော်ဝါရီ-၁၅၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်က စတိုးဆိုင်မီးလောင်မှုမှာ အမျိုးသမီးနှစ်ဦးသေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်း နဲ့ ဒေသခံတွေကပြောပါတယ်။

“မောင်ဝင်းစတိုးဆိုင်ပါ။ အမျိုးသမီးနှစ်ယောက် အသက်ဆုံးရှုံးတယ်လို့ သိရပါတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် မနက် ၃ နာရီခွဲလောက်မှာ မရမ်းကုန်းမြို့နယ်၊အမှတ်(၂)ရပ်ကွက်၊အောက်ဗဟိုလမ်းမပေါ်မှာရှိတဲ့ ကုန်မာဆိုင်မှာ မီးလောင်မှု ဖြစ်ခဲ့တာဖြစ်ပြီး ဆိုင်မှာနေထိုင်တဲ့ အမျိုးသမီးနှစ်ဦး မီး‌‌လောင်သေဆုံးခဲ့တယ်လို့ ရွှေရောင်သမိုင်း လူမှုကူညီရေးအသင်းက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူ၂ ဦးရဲ့အချက်vအလက်အ​သေးစိပ်ကို​တော့ မသိရ​သေးပါဘူး။မီးလောင်မှုကို နာရီဝက်ခန့် အချိန်အတွင်း ငြှိမ်းသတ်နိုင်ခဲ့တာ‌ကြောင့် ပတ်ဝန်းကျင်ကို ကူးစက်လောင်တာ မရှိဘူးလို့ဆိုရပါတယ်။

စစ်​ကောင်စီလက်အာက်ခံမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က​တော့ မီး​လောင်တာကို သတင်းထုတ်ပြန်​ပေမယ့် လူ​သေဆုံးတာကို​တော့ မ​ဖော်ပြပါဘူး။

ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၁၃ ၊ ၁၄ နှစ်ရက်အတွင်း မီးလောင်မှု ဆယ်ကြိမ်ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပွင့်လင်းရာသီကို ရောက်ရှိလာတာနဲ့ အမျှ ရန်ကုန်မြို့မှာ မီးလောင်မှု တွေ ဆက်တိုက်ဖြစ်နေတာကြောင့် မီးဘေးကိုပိုဂရုစိုက်ကြဖို့ ပြည်သူတွေ အချင်းချင်းတိုက်တွန်းထားကြပါတယ်။

ဆက်စပ်သတင်းများ