Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့ထဲက ရေနံဆိပ်ကမ်းကို ယူကရိန်း တိုက်ခိုက်ဖျက်ဆီး

ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့မှာ ရှိနေတဲ့ အဓိက ရေနံတင်ပို့တဲ့ ဆိပ်ကမ်း တစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ - zelenskyy_official

ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့မှာ ရှိနေတဲ့ အဓိက ရေနံတင်ပို့တဲ့ ဆိပ်ကမ်း တစ်ခုကို ယူကရိန်းက တိုက်ခိုက်ခဲ့ပါတယ်။

စိန့်ပီတာစဘာ့ဂ်မြို့ရဲ့ ဆိပ်ကမ်းနားက ရေနံလှောင်ကန်ကြီးမှာ မီးလောင်ပြီး မည်းနက်တဲ့ မီးခိုးလုံးတွေ အူထွက်နေတာကို ဇူလိုင် ၄ ရက်နေ့မှာ ဒေသခံတွေ တွေ့မြင်ခဲ့ရပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ရုရှားအတွက် ကျူးကျော်စစ် ဆင်နွှဲဖို့ ဝင်ငွေတွေ ထောက်ပံ့ပေးနေတဲ့ အဓိက အခြေခံ အဆောက်အအုံ တစ်ခုကို ညလုံးပေါက် စစ်ဆင်ရေး အစီအစဉ် တစ်ခုနဲ့ ဖျက်ဆီးပစ်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

အဲဒီရေနံ အတင်အကျ ဆိပ်ကမ်းသာ မကဘဲ မြို့ထဲက ရုရှား ရေတပ်စခန်းကြီး တစ်ခုကိုပါ ယူကရိန်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဇီလန်စကီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စိန့်ပီတာစဘာ့ဂ် အုပ်ချုပ်ရေးမှူး အလက်ဇန္ဒား ဘက်ဂ်လော့ဗ်က မြို့ထဲမှာ အကြီးစား ဒရုန်းတိုက်ခိုက်မှုကြီးတစ်ခု ကြုံတွေ့ခဲ့ကြောင်းနဲ့ ရေနံအတင်အပို့ ဆိပ်ကမ်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဝန်ခံသွားပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုမှာ အသေအပျောက် သတင်းတော့ မကြားရဘူးလို့ ဘက်ဂ်လော့ဗ်က ဆိုပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားရဲ့ ရေနံနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေအပေါ် တာဝေးပျံသန်းတဲ့ ဒရုန်းတွေ အသုံးပြု တိုက်ခိုက်မှုကို ပိုမို အရှိန်မြှင့်တင်လာခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ရုရှားရဲ့ ရေနံ သန့်စင် ထုတ်လုပ်နိုင်စွမ်းက ၄၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး နိုင်ငံအနှံ့မှာ လောင်စာဆီ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ယူကရိန်းက ကြေညာထားပါတယ်။ ဒါပေမဲ့ ရုရှားဖက်ကတော့ အဲဒီစကားကို ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။

ရုရှားဟာ ကျူးကျော်စစ်ကို အသက်ဆက်စေဖို့အတွက် ရေနံနဲ့ ဓာတ်ငွေ့ တင်ပို့မှုတွေကနေ ငွေရှာနေတာကြောင့် အဲဒီ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေဟာ စစ်ရေးပစ်မှတ်တွေအဖြစ် တရားဝင် သတ်မှတ်လို့ရတယ်လို့လည်း ယူကရိန်းက ထုတ်ပြန်ထားပါတယ်။

ဇီလန်စကီးက အခုတိုက်ခိုက်မှုမှာ ယူကရိန်း ဒရုန်းတွေဟာ နယ်စပ်နဲ့ ကီလိုမီတာ ၈၅၀ လောက်ထိ ကွာဝေးတဲ့ နေရာထိ ပျံသန်းပြီး ပစ်မှတ်တွေကို ချေမှုန်းနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို မသိရသေးပေမယ့် ဇီလန်စကီး ဝေမျှထားတဲ့ ဗီဒီယို တစ်ခုမှာတော့ ဒရုန်းတစ်စီးဟာ ပစ်မှတ်ဆီ ပျံသန်းသွားပြီး အဲဒီနောက် မည်းနက်တဲ့ မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကို တွေ့ရပါတယ်။

ရေနံဆိပ်ကမ်းနဲ့ ရေတပ်စခန်း တိုက်ခိုက်ခံရမှု သတင်းအပေါ် ရုရှားကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး။ စိန့်ပီတာစဘာ့ဂ်မှာ လူပေါင်း ၅ သန်းကျော် နေထိုင်ကြောင်းလည်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခု သီတင်းပတ်ထဲမှာ ကိယက်ဗ်မြို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တာဟာ အခုနှစ်အတွင်း ယူကရိန်းရဲ့ မြို့တော်မှာ အသေအပျောက် အများဆုံး ဖြစ်ပေါ်စေတဲ့ ရုရှားတိုက်ခိုက်မှု အနေနဲ့ မှတ်တမ်းဝင်လာစေခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ကို ရုရှားက ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၈ ဦး သေဆုံးပြီး အပျက်အစီးတွေ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆွီဒင်ရဲ့ အဆင့်မြင့် တိုက်လေယာဉ်သစ် ၁၆ စီး အရောင်းအဝယ် စာချုပ်ကို ယူကရိန်းနဲ့ ဆွီဒင်တို့ကြား တရားဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ရှားပါးတဲ့ အခြေအနေ တစ်ခုအဖြစ် ရုရှားဟာ ပြည်ပကနေ လောင်စာဆီ ပြန်လည်ဝယ်ယူ တင်သွင်းသွားမယ်လို့ သိရပါတယ်။