Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်ကိုအင်အားဖြည့်တဲ့စစ်တပ်က တိုက်ပွဲမရှိဘဲလယ်သယ်ရွာကိုမီးရှို့ နေအိမ် ၁၀၀ ကျော်မီး​လောင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာကို စစ်အင်အားဖြည့်တဲ့ အာဏာသိမ်းစစ်တပ် က ဒေသတွင်း ကျေးရွာတခုဖြစ်တဲ့ လယ်သယ်ရွာကို မီးရှို့ခဲ့တာ​ကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်က လယ်သယ်ရွာ မီးရှို့ဖျက်ဆီးနေတာကို အဝေးကမြင်တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD

ဖေဖော်ဝါရီ-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာကို စစ်အင်အားဖြည့်တဲ့ အာဏာသိမ်းစစ်တပ် က ဒေသတွင်း ကျေးရွာတခုဖြစ်တဲ့ လယ်သယ်ရွာကို မီးရှို့ခဲ့တာ​ကြောင့် အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ရက်မှာ တနင်္သာရီမြို့နယ်(တနောသရီမြို့နယ်)လယ်သယ်ရွာက ပြည်သူ့နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မီးရှို့ဖျက်ဆီးခဲ့တာလို့ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

“သူတို့ကပြည်သူတွေကို အဓိကအကြောက်တရားဖြစ်အောင်လုပ်တာပဲလေ။ပြည်သူတွေ တော်လှန်ရေးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းပဲဖြစ်ဖြစ် တော်လှန်ရေး လုပ်ဆောင်လို့မရဲအောင် အဲဒီလိုမျိုး အကြောက်တရားဖြစ်အောင် သူတို့လုပ်တာပဲဖြစ်တယ်။ အဲဒါက သူတို့ရဲ့ အာဏာတည်မြဲဖို့လုပ်တာလည်းဖြစ်တယ်။” လို့ KNU မြိတ်-ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အခု လယ်သယ်ရွာကို မီးရှို့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ သိန်ခွန်းရွာကို စစ်အင်အားဖြည့်ဖို့လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ပြောပြပါတယ်။

“သိန်ခွန်းဘက်ကို စစ်အင်အားဖြည့်တဲ့ စစ်ကြောင်းပေါ့” လို့ KNU မြိတ်ထားဝယ်ခရိုင်သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၄ ဒီဇင်ဘာကတည်းက တနင်္သာရီ -မောတောင် လမ်းကြောင်း ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်ခဲ့ရာတနင်္သာရီမြို့နယ် သိန်ခွန်းရွာကနေ ရှေ့မတိုးနိုင်ဘဲ သိန်ခွန်းရွာအနီးတ၀ိုက် တိုက်ပွဲဖြစ်နေတာ တနှစ်ကျော်ကြာပြီဖြစ်ပါတယ်။

လမ်ကြောင်းကို မထိန်းချုပ်နိုင်တဲ့အပြင် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မောတောင်မြို့ကို KNU မြိတ်ထားဝယ်ခရိုင်ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်က၂၀၂၅ ခုနှစ်နိုဝင်ဘာလလယ်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေမှာ အထိနာနဲ့စစ်တပ်ဟာ KNU မြိတ်ထားဝယ်ခရိုင်အတွင်း ကျေးရွာတွေက ပြည်သူလူထုနေအိမ်တွေကို အရင်ကလည်း မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်တာ၊ အရပ်သား နေထိုင်ရာတွေကို လေကြောင်းတိုက်ခိုက်တာ၊လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်တာတွေလည်း လုပ်ဆောင်ခဲ့လို့ပြည်သူသေဆုံးထိခိုက်မှုတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။