Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ကို ရုရှားက အဆိပ်သုံးပြီး လုပ်ကြံခဲ့ကြောင်း ဥရောပ နိုင်ငံတွေ စွပ်စွဲ

ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင် အလက်ဆီ နက်ဗယ်လ်ညီကို ရုရှားက အဆိပ်သုံးပြီး လုပ်ကြံခဲ့တာ ဖြစ်တယ်လို့ ဥရောပ နိုင်ငံတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ အတိုက်အခံ ခေါင်းဆောင် အလက်ဆီ နက်ဗယ်လ်ညီကို ရုရှားက အဆိပ်သုံးပြီး လုပ်ကြံခဲ့တာ ဖြစ်တယ်လို့ ဥရောပ နိုင်ငံတွေက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နက်ဗယ်လ်ညီဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်အတွက် အဓိက ဆူးညှောင့်ခလုတ် နိုင်ငံရေး ပြိုင်ဘက်တစ်ဦးလို့ သတ်မှတ် ခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ဆိုက်ဘေးရီးယားမှာရှိတဲ့ အကျဉ်းစခန်း တစ်ခုမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရချိန် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။

နက်ဗယ်လ်ညီ သေဆုံးမှုမှာ မရိုးမသား ပါဝင်ပတ်သက်မှု ဘာမှ မရှိခဲ့ဘူးလို့ ရုရှား အာဏာပိုင်တွေက အစဉ်တစိုက် ငြင်းဆိုထားပေမယ့် အလောင်းကနေ ရရှိလာတဲ့ ဆေးဖက်ဆိုင်ရာ နမူနာ အချက်အလက်တွေအပေါ် မူတည်ပြီး အခု စွပ်စွဲချက် ထွက်ပေါ်လာတာပါ။

ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြူးနစ် လုံခြုံရေး ညီလာခံမှာတော့ အဲဗက် ကူးပါးက အကျဉ်းချခံထားရတဲ့ နက်ဗယ်လ်ညီကို အဆိပ်နဲ့ လုပ်ကြံဖို့ လိုအပ်တဲ့ စေ့ဆော်မှု၊ အခွင့်အရေးနဲ့ ဆိုးယုတ်မှု အားလုံးဟာ ရုရှားအစိုးရမှာပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှား အစိုးရက အတိုင်းအတာ တစ်ခုထိ ထိန်းချုပ်ထားတဲ့ Tassသတင်းဌာနကတော့ အခုတွေ့ရှိချက် ဆိုတာဟာ ရုရှားအပေါ် အပုပ်ချတဲ့ သတင်းအချက်အလက်ရေးရာ ထိုးနှက်ချက် တစ်ခုသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ဥရောပ နိုင်ငံတွေရဲ့ အဆိုအရ နက်ဗယ်လ်ညီဟာ ဖားမျိုးစိတ် တစ်ခုကနေ ထုတ်ယူထားတဲ့ အဆိပ်တစ်မျိုးကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီ စွပ်စွဲ ကြေညာချက်ကို ဗြိတိန်၊ ဆွီဒင်၊ ပြင်သစ်၊ ဂျာမနီနဲ့ နယ်သာလန်တို့ ပူးတွဲ ထုတ်ပြန်ခဲ့တာပါ။

မြူးနစ် လုံခြုံရေး ညီလာခံမှာ ကူးပါးဟာ နက်ဗယ်လ်ညီရဲ့ ကျန်ရစ်သူ ဇနီးသည် ယူလီယာ နက်ဗယ်လ်ညီနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။

ဥရောပ နိုင်ငံတွေရဲ့ ထုတ်ပြန်ချက်မှာတော့ epibatidine လို့ခေါ်တဲ့ အဆိပ်အတောက် ဓာတ်ပစ္စည်းကြောင့် နက်ဗယ်လ်ညီ သေဆုံးခဲ့တာဖြစ်ကြောင်း၊ အဲဒီအဆိပ်ကို တောင်အမေရိက ဒေသတွင်းက dart frogဆိုတဲ့ ဖားမျိုးစိတ် တစ်ခုမှာ တွေ့နိုင်ကြောင်း၊ အဲဒီဖားတွေဟာ ရုရှားမှာ သဘာဝအတိုင်း မတွေ့ရကြောင်း၊ ဒါကြောင့် အလောင်းမှာ ဒီအဆိပ် ရှိနေခဲ့တာဟာ သွေးရိုးသားရိုးပါလို့ ဘယ်လိုမှ ဖြေရှင်းချက်ပေးလို့ မရကြောင်း ဖော်ပြထားပါတယ်။

နက်ဗယ်လ်ညီဟာ အဂတိ တိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး နောက်ပိုင်းမှာတော့ ရုရှားရဲ့ လူသိအများဆုံး အတိုက်အခံ ခေါင်းဆောင်တစ်ဦး ဖြစ်လာပါတယ်။ သူဟာ အကျဉ်းချ ခံထားရချိန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းက အသက် ၄၇ နှစ်အရွယ်မှာ ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။

သူဟာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း အာရုံကြောကို တိုက်ခိုက်တဲ့ အဆိပ်တစ်မျိုး မိခဲ့ဖူးပြီး ဂျာမနီမှာ အသက်လု ကုသမှုတွေ ခံယူခဲ့ရပါတယ်။ အဲဒီနောက် သူဟာ ရုရှားနိုင်ငံကို ပြန်လာခဲ့ပြီး လေဆိပ်အရောက်မှာတင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Getty

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။