Connect with us

Hi, what are you looking for?

News

မြန်မာအာဏာသိမ်းစစ်တပ်ကို ထပ်တိုးအ​ရေးယူမှုများလုပ်​ဆောင်ရန် G7 ထပ်မံအတည်ပြု

ကမ္ဘာ့ထိပ်သီးခုနှစ်နိုင်ငံအဖွဲ့(G7)သည် လိုအပ်ပါက အာဏာသိမ်းစစ်တပ်ကို ထပ်တိုးအရေးယူမှုများလုပ် ဆောင်ရန် တစ်ညီတစ်ညွတ်တည်းရှိကြောင်း ထပ်မံအတည်ပြုကြောင်း ထုတ်ပြန်ကြေညာသည်။

ဗြိတိန်၌ သုံးရက်ကြာကျင်းပခဲ့သော G7 ခေါင်းဆောင်များ၏ အစည်းအဝေးအပြီး အိမ်ဖြူတော် ၏ တရားဝင်ထုတ်ပြန်ချက်တွင် မြန်မာစစ်တပ် အာဏာသိမ်းမှုနှင့် စစ်တပ်၏ အကြမ်းဖက်ကျူး လွန်မှုများကို ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြသည်။

မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်လည်း အမေ ရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ကနေဒါ၊ ဂျပန်၊ အီတလီ စသည့် G7 ခေါင်းဆောင်များက တောင်းဆိုကြောင်း ထုတ်ပြန်သည်။

G7 သည် မြန်မာအပေါ် ဖွံ့ဖြိုးမှုအကူအညီကို မပေးရုံသာမက စစ်တပ်ကို အကျိုးဖြစ်ထွန်းသည့် စစ်လက်နက်များကိုမရောင်းချမည့် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကာ စီးပွားရေးလုပ်ငန်းများကိုလည်း ၎င်းတို့၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုပုံစံအတိုင်းကျင့်သုံးရန် တိုက် တွန်းခဲ့သည်။

ထို့အပြင် G7 သည် ဒီမိုကရေစီအပါအဝင် တည်ငြိမ်မှုရှိရေးအတွက် ငြိမ်းချမ်းစွာကြိုးပမ်းဆောင် ရွက်နေသူများကို ကူညီထောက်ပံ့မည်ဟု ကတိပြုခဲ့ပြီး အာဆီယံ၏ သဘောတူဆုံးဖြတ်ချက် ငါးရပ်ကို ကြိုဆိုကာ အမြန်ဆုံးအကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

၎င်းတို့သည် မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုအခြေအနေကို အလွန်အမင်းစိုးရိမ်ကြောင်းနှင့် ထိခိုက်လွယ်သူများ၊ နေရပ်စွန့်ခွာသူများအား အကူအညီပေးနိုင်ရေး လွတ်လပ်စွာခွင့်ပြုပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်သည်။ လူသားချင်းစာနာမှုတုံ့ပြန်ရေးအစီအစဉ်ကို ကူညီထောက်ပံ့ ကြောင်းနှင့် အခြားသူများပါဝင်ကူညီနိုင်ရေးကို တိုက်တွန်းကြောင်း G7 က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံကို ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်ရာနှင့် သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် သတ်မှတ်လိုက်ကြောင်း အိမ်ဖြူတော်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။