Connect with us

Hi, what are you looking for?

LuduNwayOo

News

စဉ့်ကူးတွင် မင်္ဂလာ​ဆောင်ဖိတ်စာ​​ပေးသည့် သတို့သားလောင်း စစ်ကောင်စီတပ်ပစ်သတ်၍ သေဆုံး

မောင်ကျော်ကျော်မျိုးသည် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ပထမဆုံး သေဆုံးခဲ့သူဖြစ်ကြောင်း စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် မင်္ဂလာဧည့်ခံပွဲ ဖိတ်စာပို့သွားသည့် သတို့သားလောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်လိုက် ၍ သေဆုံးသွားကြောင်း ဒေသခံ အချို့က ပြောသည်။
စဉ့်ကူးမြို့နယ် လက်ပန်လှအုပ်စု ငြိမ်းချမ်းအောင်ရပ်ကွက်နေ သတို့သားလောင်း မောင်ကျော်ကျော်မျိုးသည် လက်ပန်လှရွှာသို့ ဖိတ်စာသွားပို့ရာ ယမန်နေ့ (ဇွန်လ ၂၀ရက်) ည ၉နာရီခန့်တွင် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

“ဖြစ်စဉ်ကတော့ သူက မနေ့ညက သူ့သူငယ်ချင်းကို ဖိတ်စာသွားဖိတ်တာမှာ ၈နာရီကျော်လို့ ပစ်ခံရတာလို့ သိရတယ်။ လက်ပံလှ အထက ကျောင်းအနောက်ဖက်မှာ ပစ်ခံရတာ။” ဟုဒေသခံတစ်ဦးက ပြောသည်။ လက်ပံလှရွာသည် စဉ့်ကူးမြို့နှင့် ၅မိုင်ခန့်သာကွာဝေးသည်ဟု ဆိုသည်။

မောင်ကျော်ကျော်မျိုးနှင့်အတူ အဖော်လိုက်ပါလာသူ လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံက ပြောသည်။

မောင်ကျော်ကျော်မျိုးသည် ဇွန်လ ၂၄ရက် တွင် မင်္ဂလာပွဲပြုလုပ်မည်ဖြစ်ရာ မင်္ဂလာပွဲမတိုင်မီ ၄ရက်အလိုတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မောင်ကျော်ကျော်မျိုးသည် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ပထမဆုံး သေဆုံးခဲ့သူဖြစ်ကြောင်း စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။