Connect with us

Hi, what are you looking for?

News

စဉ့်ကူးတွင် မင်္ဂလာ​ဆောင်ဖိတ်စာ​​ပေးသည့် သတို့သားလောင်း စစ်ကောင်စီတပ်ပစ်သတ်၍ သေဆုံး

မောင်ကျော်ကျော်မျိုးသည် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ပထမဆုံး သေဆုံးခဲ့သူဖြစ်ကြောင်း စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် မင်္ဂလာဧည့်ခံပွဲ ဖိတ်စာပို့သွားသည့် သတို့သားလောင်းကို စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်သတ်ဖြတ်လိုက် ၍ သေဆုံးသွားကြောင်း ဒေသခံ အချို့က ပြောသည်။
စဉ့်ကူးမြို့နယ် လက်ပန်လှအုပ်စု ငြိမ်းချမ်းအောင်ရပ်ကွက်နေ သတို့သားလောင်း မောင်ကျော်ကျော်မျိုးသည် လက်ပန်လှရွှာသို့ ဖိတ်စာသွားပို့ရာ ယမန်နေ့ (ဇွန်လ ၂၀ရက်) ည ၉နာရီခန့်တွင် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

“ဖြစ်စဉ်ကတော့ သူက မနေ့ညက သူ့သူငယ်ချင်းကို ဖိတ်စာသွားဖိတ်တာမှာ ၈နာရီကျော်လို့ ပစ်ခံရတာလို့ သိရတယ်။ လက်ပံလှ အထက ကျောင်းအနောက်ဖက်မှာ ပစ်ခံရတာ။” ဟုဒေသခံတစ်ဦးက ပြောသည်။ လက်ပံလှရွာသည် စဉ့်ကူးမြို့နှင့် ၅မိုင်ခန့်သာကွာဝေးသည်ဟု ဆိုသည်။

မောင်ကျော်ကျော်မျိုးနှင့်အတူ အဖော်လိုက်ပါလာသူ လူငယ်တစ်ဦးကိုလည်း စစ်ကောင်စီတပ်များက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံက ပြောသည်။

မောင်ကျော်ကျော်မျိုးသည် ဇွန်လ ၂၄ရက် တွင် မင်္ဂလာပွဲပြုလုပ်မည်ဖြစ်ရာ မင်္ဂလာပွဲမတိုင်မီ ၄ရက်အလိုတွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

မောင်ကျော်ကျော်မျိုးသည် စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ပထမဆုံး သေဆုံးခဲ့သူဖြစ်ကြောင်း စဉ့်ကူးမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။