Connect with us

Hi, what are you looking for?

News

အာဇာနည်နေ့အထိမ်းအမှတ် မုံရွာပင်မသပိတ်စစ်ကြောင်း

ယနေ့ကျရောက်သော (၇၄)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံအနှံ့မြို့နယ်အသီးသီးရှိ သပိတ်စစ် ကြောင်းများနှင့် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။

ဓာတ်ပုံ - ပြည်သူ့မီဒီယာကွန်ရက်-မုံရွာ

အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် မုံရွာမြို့ရှိ ပင်မသပိတ်စစ်ကြောင်းသည် လူအင်အားအများအပြားဖြင့် ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

‘အာဇာနည်မျိုး သေရိုးမရှိ’ခေါင်းစဥ်ဖြင့် သပိတ်စစ်ကြောင်းများက စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

‘ရဲနှင့်စစ်ခွေးများ နေရာအနှံ့ ဖြန့်ကျက်နေရာယူထားကြသော အတားအဆီးအမျိုးမျိုးကြားမှ မုံရွာမြို့တွင် ပင်မသပိတ်စစ်ကြောင်းသည် ယနေ့ နေ့လည်ပိုင်းတွင် ဒုတိယတစ်ကျော့ ထပ်မံချီတက်၍ ကျောင်းသား၊ ပြည်သူများ စစ်ကြောင်းနဲ့ အတူပူးပေါင်းကာ အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်’ဟု ပြည်သူ့မီဒီယာကွန်ရက်-မုံရွာက ထုတ်ပြန်ထားသည်။

ယနေ့ကျရောက်သော (၇၄)နှစ်မြောက် အာဇာနည်နေ့တွင် နိုင်ငံအနှံ့မြို့နယ်အသီးသီးရှိ သပိတ်စစ် ကြောင်းများနှင့် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြပွဲများ ပြုလုပ်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။