Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီရှေ့တန်းစခန်းတစ်ခု ဒေသကာကွယ်ရေးတပ်ဖွဲ့ထံလက်နက်ချ၊ လက်နက် ၂၂လက်ရ

အရာရှိဦးစီး စကစတပ်ဖွဲ့တစ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ ရဲကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်တာပါ။ သွေးမြေတစက်မကျဘဲစခန်းမှူးကိုယ်တိုင်ဦးဆောင်ပြီး အသာတကြည်အညံ့ခံခဲ့တာပါ။ ဒီစခန်းဟာ ဒေသခံပြည်သူလူထုနဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး စစ်တပ်အာဏာသိမ်းပြီးတာတောင် အခင်အမင်မပျက်ခဲ့ကြပါဘူ

အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့တန်းတပ်စခန်းတစ်ခုမှ တပ်ဖွဲ့ဝင်များသည် ဒေသကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်ချခဲ့ကြောင်း ပြည်သူ့ဘက်ရပ်တည်ခဲ့သည့် တပ်မတော်သားများ၏ People’s Soldiers Facebook စာမျက်နှာ၌ ဖော်ပြထားသည်။

ပြည်သူ့ဘက်ရပ်တည်ခဲ့သည့် ဗိုလ်ကြီးထွန်းမြတ်အောင်၏ Facebook တွင် တင်ထားသည့် အချက် အလက်များကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

“ဒါ ကျွန်တော် တနေ့ကပြောတဲ့ သတင်းကောင်းဆိုတာပါ။ အရာရှိဦးစီး စကစတပ်ဖွဲ့တစ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ ရဲကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်တာပါ။ သွေးမြေတစက်မကျဘဲစခန်းမှူးကိုယ်တိုင်ဦးဆောင်ပြီး အသာတကြည်အညံ့ခံခဲ့တာပါ။ ဒီစခန်းဟာ ဒေသခံပြည်သူလူထုနဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး စစ်တပ်အာဏာသိမ်းပြီးတာတောင် အခင်အမင်မပျက်ခဲ့ကြပါဘူး”ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်သည် ဇူလိုင် ၂၄ရက်က ချင်းပြည်နယ် မင်းတပ်မြို့နယ် မကွီအိမ်နူးဒေသ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည် မင်းတပ်မြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) က ယင်းစခန်းအား သွားရောက်တိုက်ခိုက်ရာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခြင်းမပြု၍ စခန်းကို သိမ်းပိုက်နိုင်ခဲ့ဟု CDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ပြန်မခုခံဘဲနဲ့ ထွက်ပြေးတဲ့သဘောရှိတယ်။ သေနတ် ၂၂လတ်လောက်ရတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ စခန်းရှိ ရဲနှင့် စစ်သားများ CDFနှင့် ပူးပေါင်းမှုရှိမရှိကို အတိအကျ မသိရသေး၍ မင်းတပ် CDF ခေါင်းဆောင် ထံ ဆက်သွယ်မေးမြန်းရန် လမ်းညွှန်သည်။ သို့ရာတွင် မင်းတပ် CDF တာဝန်ရှိသူထံ ဆက်သွယ်ရာ၌ အဆက်အသွယ်မရပေ။

မင်းတပ်တွင် တစ်လနီးပါးကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် ဇူလိုင် ၂၁ရက်တွင် မင်းတပ်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ဇူလိုင် ၂၁ရက်မှ ၂၅ ရက်အတွင်း တိုက်ပွဲများ ကြိုကြား ကြိုကြားဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က သေဆုံးထိခိုက်မှုများရှိသကဲ့သို့ CDF ဘက်မှလည်း ၆ဦးခန့် ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။