Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ စစ်​ကောင်စီတပ်ကို စတင်တိုက်ခိုက်

​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့် ပူး​ပေါင်းတိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများအဓိက အား ကိုး၍ ပစ်ခတ်ခဲ့ရာတွင် MPDF မှ ရဲဘော် (၅) ဦး ကျဆုံးပြီး၊ (၂) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း အသိ​ပေးထားသည်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ဇူလိုင် ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့​ကြောင်း ပြည်သူများအား အသိ​ပေးထားသည်။

​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့် ပူး​ပေါင်းတိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများအဓိက အား ကိုး၍ ပစ်ခတ်ခဲ့ရာတွင် MPDF မှ ရဲဘော် (၅) ဦး ကျဆုံးပြီး၊ (၂) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း အသိ​ပေးထားသည်။

ထို့အပြင် ရဲဘော် (၂) ဦး ​ပျောက်ဆုံးလျက်ရှိပြီး ဆက်လက်ရှာဖွေလျှက်ရှိသည်ဟု ဆိုသည်။
ကျဆုံးသွားခဲ့ရသော ရဲဘော်များသည် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MPDF) နှင့်အတူ တရားသောစစ်ကို စစ်နွှဲခဲ့ကြသူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ကျဆုံးခဲ့ရသော ရဲဘော်များအတွက် ကျွန်ုပ်တို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အနေဖြင့် အထူးဝမ်းနည်းကြေကွဲရပါ​ကြောင်း၊ ကျဆုံးရဲဘော်များသည် ပြည်သူလူထု စစ်ကျွန်ဘဝမှ လွတ် မြောက်ရေး၊ ဖက်ဆစ်စနစ် ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲတွင် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရာ ထိုရဲဘော်များအား သူရဲကောင်းအာဇာနည်များအဖြစ် သတ်မှတ်လိုက်သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မပြီးပြတ်သေးသော စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးစစ်ပွဲကို ဆက်လက် တိုက်ပွဲဝင် ဆင်နွှဲသွားမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ အသက်နှင့် ကိုယ်ခန္ဒာအား ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွက် အပြီးတိုင် မြှုပ်နှံထားကြောင်း ကျဆုံးရဲဘော်အပေါင်းကို တိုင်တည်သစ္စာပြုပါသည်ဟု MPDF က ထုတ်ပြန်ထားသည်။

အဆိုပါ MPDF အဖွဲ့ကို ဇွန်လ ၆ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။