Connect with us

Hi, what are you looking for?

News

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ စစ်​ကောင်စီတပ်ကို စတင်တိုက်ခိုက်

​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့် ပူး​ပေါင်းတိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများအဓိက အား ကိုး၍ ပစ်ခတ်ခဲ့ရာတွင် MPDF မှ ရဲဘော် (၅) ဦး ကျဆုံးပြီး၊ (၂) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း အသိ​ပေးထားသည်။

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် အကြမ်းဖက်စစ်ကောင်စီတပ်အား ဇူလိုင် ၂၆ ရက်တွင် စတင်တိုက်ခိုက်ခဲ့​ကြောင်း ပြည်သူများအား အသိ​ပေးထားသည်။

​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့် ပူး​ပေါင်းတိုက်ခိုက်ခဲ့သည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီးများအဓိက အား ကိုး၍ ပစ်ခတ်ခဲ့ရာတွင် MPDF မှ ရဲဘော် (၅) ဦး ကျဆုံးပြီး၊ (၂) ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း အသိ​ပေးထားသည်။

ထို့အပြင် ရဲဘော် (၂) ဦး ​ပျောက်ဆုံးလျက်ရှိပြီး ဆက်လက်ရှာဖွေလျှက်ရှိသည်ဟု ဆိုသည်။
ကျဆုံးသွားခဲ့ရသော ရဲဘော်များသည် အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကျွန်ုပ်တို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (MPDF) နှင့်အတူ တရားသောစစ်ကို စစ်နွှဲခဲ့ကြသူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ကျဆုံးခဲ့ရသော ရဲဘော်များအတွက် ကျွန်ုပ်တို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အနေဖြင့် အထူးဝမ်းနည်းကြေကွဲရပါ​ကြောင်း၊ ကျဆုံးရဲဘော်များသည် ပြည်သူလူထု စစ်ကျွန်ဘဝမှ လွတ် မြောက်ရေး၊ ဖက်ဆစ်စနစ် ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး တိုက်ပွဲတွင် ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရာ ထိုရဲဘော်များအား သူရဲကောင်းအာဇာနည်များအဖြစ် သတ်မှတ်လိုက်သည်ဟု ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မပြီးပြတ်သေးသော စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးစစ်ပွဲကို ဆက်လက် တိုက်ပွဲဝင် ဆင်နွှဲသွားမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ အသက်နှင့် ကိုယ်ခန္ဒာအား ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲအတွက် အပြီးတိုင် မြှုပ်နှံထားကြောင်း ကျဆုံးရဲဘော်အပေါင်းကို တိုင်တည်သစ္စာပြုပါသည်ဟု MPDF က ထုတ်ပြန်ထားသည်။

အဆိုပါ MPDF အဖွဲ့ကို ဇွန်လ ၆ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။