Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆားလင်းကြီးလူငယ်များရဲ့ စစ်အာဏာရှင်ဖြုတ်ချရေး Online သပိတ်

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၅ ရက်ရှိပြီဖြစ်သည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ လူငယ်များက စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် Online သပိတ်ကို ယနေ့(သြဂုတ်၄ရက်)တွင် ပြုလုပ်ခဲ့သည်။

“ကျွန်မတို့ ခုလိုOnline သပိတ်မှာ ပါဝင်ခွင့်ရတဲ့အတွက်ဝမ်းသာပါတယ်၊ စစ်အာဏာရူးတွေရဲ့ ရိုင်းစိုင်းယုတ်မာ မှုတွေကိုမကြိုက်လို့ ရတဲ့နေရာကတော်လှန်မယ်ဆိုတဲ့ ဆန္ဒနဲ့ Onlineသပိတ်မှာ ပါဝင်ရခြင်းဖြစ်တယ် အရေးတော် ပုံအောင်တဲ့အထိတော်လှန်သွားပါမည်” ဟု Onlie သပိတ်မှာ ဆင်နွှဲပါဝင်ခဲ့သည့် G -Y တစ်ဦးက ပြောကြား ခဲ့ကြောင်း ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

ဆားလင်းကြီးဒေသခံများသည် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် နေ့စဥ်မပျက်ဆန္ဒပြကန့်ကွက်နေကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၅ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ် ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၈၂ ရက်ရှိပြီဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ပြည်သူကို ဒုက္ခပေးနေလို့ လမ်းခုလတ်မှာ ဖြတ်ပြီး ဝင်တိုက်ခဲ့တာပါ။ သူတို့က လေးယောက်ပဲ ထွက်လာတာ”ဟု အမိမြေတော်လှန်ရေးတပ်ဖွဲ့မှတာဝန်ရှိသူက ​ပြောသည်။

သတင်း

ကျားတက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာခဲ့သော်လည်း သေဆုံးသူအရေအတွက်ကို မသိရသေးပေ။ စစ်ကောင်စီတပ်သည် ကျားတက်စခန်းကို ပြန်လည်ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်းရှိ ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီတပ်အား မကြာခဏ ခုခံတိုက်ခိုက်မှုများဖြစ်ပွားနေသည်။

သတင်း

စစ်ကောင်စီတပ်သည် ဘုန်းကြီးကျောင်းဝင်းထဲမှ ဆိုင်ကယ် လေးစီးကိုလည်း မီးပုံရှို့ခဲ့ပြီး ဒေသခံတစ်ဦး၏အိမ်ကို ဝင်မွှေကာ ကျပ်သိန်း ၁၀၀ခန့်နှင့် ဖုန်း လေးလုံးကို ခိုးယူသွားသည်ဟု ကိုနွေဦးက ဆိုသည်။