Connect with us

Hi, what are you looking for?

News

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်ထားမရဟုKNU ဥက္ကဋ္ဌပြော

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း KNU အုပ်ချုပ်ရေးနယ်မြေများ၌ အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ပိုများခဲ့ပြီး ဇူလိုင် တစ်လတည်း၌ပင် KNUနှင့် စစ်ကောင်စီ တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်များ အထိနာခဲ့ပြီး သေဆုံးဒဏ်ရာရသူများပြားခဲ့သည်။

နိုင်ငံရေးပြဿနာကိုတွေ့ဆုံဆွေးနွေးလိုသည့် နိုင်ငံရေးဆန္ဒမရှိသရွေ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်များထား၍ မရနိုင်ကြောင်း ကရင်အမျိုး သားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

ဩဂုတ် ၁၂ရက်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ သို့ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ပြည်သူလူထု ရင်ဆိုင်နေရသည့် အချက်များအား ထည့်သွင်းပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ခြင်းကြောင့် နိုင်ငံရေး နောက်ကြောင်းပြန်ခဲ့ရပြီး ပြည်သူလူထုများကို ညှင်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများက မြို့ကြီးပြကြီးအထိ ပြန့်နှံ့ဖြစ်ပေါ်နေကြောင်း ၎င်းက ဆိုသည်။

“ညှင်းပန်းနှိပ်စက်မှု တွေနဲ့ သတ်ဖြတ်မှုတွေဟာ ယခုထက်တိုင် အတောမသတ်ဘဲ ရှိနေပါတယ်။ နိုင်ငံရေးပြဿနာ တွေကို တွေ့ဆုံဆွေးနွေးလိုတဲ့ နိုင်ငံရေးဆန္ဒမရှိသရွေ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုအပေါ် မျှော်လင့်ချက်တွေ ထားလို့မရနိုင်ပါဘူး။ဒါကြောင့် မိမိတို့အနေနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအတွက် လမ်းဖွင့်ထားပြီး တစ်ဖက် မှာ လည်း မိမိတို့ ပြည်သူလူထုရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ မိမိတို့ရဲ့ နေရပ်ဒေသကို ကာကွယ်ရမှာ ဖြစ်ပါ တယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် ရင်ဆိုင်ခဲ့ရသည့် အခက်အခဲတစ်ခုဖြစ်သော KNU အဖွဲ့အစည်းအတွင်း သတ်လျှိုထိုးခွဲမှု များ လက်ရှိအချိန်ထိကြုံနေရကြောင်းလည်း KNU ဥက္ကဋ္ဌက ပြောသည်။

အဖွဲ့အစည်းအားနည်းစေရန်၊ စည်းလုံးညီညွတ်မှုများ အားနည်းစေရန်၊ အင်အားယုတ်လျှော့စေရန် ထိုးနှက်ခံခဲ့ရသဟု ၎င်းက ဆိုသည်။

“ဒီလိုအခက်အခဲတွေကို ယနေ့ထက်ထိလည်း ရင်ဆိုင်နေရဆဲပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးက ပြောသည်။

KNU အဖွဲ့သည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ပြည်သူလူထုများကို အကူအညီအကာကွယ်များပေးခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း KNU အုပ်ချုပ်ရေးနယ်မြေများ၌ အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု ပိုများခဲ့ပြီး ဇူလိုင် တစ်လတည်း၌ပင် KNUနှင့် စစ်ကောင်စီ တိုက်ပွဲ ၁၈၀ ခန့်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ပွဲများအတွင်းစစ်ကောင်စီတပ်များ အထိနာခဲ့ပြီး သေဆုံးဒဏ်ရာရသူများပြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။

သတင်း

အနန်းကွင်းဗျူဟာသို့ စစ်ကူသွားသည့် စစ်ကောင်စီတပ်ကို KNU၊PDF ပူး​ပေါင်းတပ်ကတိုက်ခိုက်စစ်သားများ သေဆုံးထိခိုက်များပြီးလက်နက်ခဲယမ်းများရ

သတင်း

ကော်ဘရာစစ်ကြောင်း၏ တာဝန်ရှိသူက ပြီးခဲ့သည့် သုံးလခန့်အတွင်း အောင်ဇေယျစစ်ကြောင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် ဖမ်းမိစစ်သုံ့ပန်း ၃၀ခန့်ရှိသည်ဟု ပြောသည်။

သတင်း

သာယာဝတီထောင်မှ နိုင်ကျဥ်းနှစ်ဦး၏ဖြစ်စဥ်မှာ ပါဆယ်ပို့သည့် စာအုပ်အတွင်း ဖုန်းဆင်းမ်ကတ်ပါသည်ဆိုကာ ရိုက်နှက်ခြေကျင်းခတ်တိုက်ပိတ်ခဲ့ခြင်းဖြစ်သည်ဟု PPNMက ဖော်ပြသည်။